မြန်အောင်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ လပတ်ပုံမှန်စည်းဝေး ရေဘေးကူညီကယ်ဆယ်ရေးအတွက် သွားရောက်လှူဒါန်း
ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် မြို့နယ်ပါတီကော်မတီဝင်များ၊ အရန်ပါတီကော် မတီဝင်များ၏လပတ်ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် မြို့နယ်ပါတီ ရုံးခန်းမ၌ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးနေဝင်းဇော် ကအမှာစကားပြောကြားခဲ့ပြီး နေပြည်တော်ဌာန ချုပ်၌ကျင်းပခဲ့သော နိုင်ငံရေးစီမံခန့်ခွဲမှုနည်းပြ သင်တန်းအမှတ်စဉ်(၅) တက်ရောက်ခဲ့ခြင်းနှင့် ပတ်သက်၍လည်း အတွေ့အကြုံများရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ပါတီအတွင်းရေးမှူး ဒေါ်ယဉ်မြတ်သူကပါတီ၏ဘဏ္ဍာရေးနှင့်ပတ်သက် သော ရငွေ/သုံးငွေစာရင်းများနှင့် ပါတီဝင်အမျိုး သမီးရေးရာ ဖွဲ့စည်းထားရှိမှုများအား ရှင်းလင်း တင်ပြခဲ့သည်။
ဆက်လက်ပြီး မြို့နယ်ပါတီကော်မတီဝင် လူငယ်ရေးရာတာဝန်ခံဦးအောင်မျိုးဦးက ပါတီဝင် လူငယ်များဖွဲ့စည်းထားရှိမှုနှင့် ပါတီတွင် လူငယ် များ ပိုမိုဝင်ရောက်လာနိုင်ရေးဝိုင်းဝန်းဆောင်ရွက် သွားကြရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသော မြို့နယ် ပါတီကော်မတီဝင်များ၊ အရန်ပါတီကော်မတီဝင် များက တိုက်နယ်အလိုက် မိမိတို့၏နယ်မြေအခြေ အနေများနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုများ အားတင်ပြဆွေးနွေးကြရာ မြို့နယ်ပါတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့က ပြန်လည်ဆွေးနွေးပြောကြား ခဲ့ကြသည်။ အစည်းအဝေးသို့မြို့နယ်/အရန် ပါတီကော်မတီဝင်များ စုစုပေါင်း ၃ဝ တက် ရောက်ခဲ့ကြကြောင်း သိရသည်။
ဆက်လက်ပြီး မြန်အောင်မြို့နယ်ရှိ ဂိုဏ်း ပေါင်းစုံသံဃာတော်များဦးဆောင်၍ ရေဘေး သင့်ဒေသများသို့ သွားရောက်လှူဒါန်းနိုင်ရေး အတွက် ရေဘေးကူညီကယ်ဆယ်ရေး အလှူခံ မဏ္ဍပ်များထားရှိရာ မြို့နယ်ပါတီဥက္ကဋ္ဌနှင့်မြို့နယ် အရန်ပါတီကော်မတီဝင်များသည် ရေဘေးသင့် ဒေသများသို့သွားရောက်လှူဒါန်းနိုင်ရေးအတွက် အလှူငွေကျပ် ၇၅ဝဝဝ အား မြန်အောင်မြို့ အမှတ်၎ရပ်ကွက် တောရကျောင်းတိုက်ဆရာတော် ထံ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်းလည်း သိရ သည်။
ဇင်မိုးလေး