မကွေးမြို့နယ်ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များ ပါတီဝင်များနှင့်ကွင်းဆင်းတွေ့ဆုံ
မကွေး ဇူလိုင် ၂၉
မကွေးတိုင်းဒေသကြီး မကွေးမြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးအောင်သိန်းကျော်၊ အတွင်း ရေးမှူး ဦးတင်မျိုးဇော်နှင့် မြင်ကွန်းတိုက်နယ်မှ ဦးအေးကြူ၊ ဦးလှမြင့်သိန်းတို့သည် မြင်ကွန်း တိုက်နယ်ရှိ ရပ်/ကျေးပါတီခေါင်းဆောင်များ၊ ပါတီဝင်များနှင့် ယနေ့နံနက် ၉ နာရီတွင် မြင်ကွန်း တိုက်နယ်အတွင်းရှိ ကျေးရွာများသို့သွားရောက်တွေ့ဆုံ၍ ပါတီစည်းရုံးရေး လုပ်ငန်းဆောင်ရွက်မှု များကို တွေ့ဆုံညှိနှိုင်း အစည်းအဝေးပြုလုပ်ပြီး ရှေ့လုပ်ငန်းစဉ်များ ညှိနှိုင်းဆွေးနွေးမှု ပြုလုပ်ခဲ့ကြ ကြောင်း သိရသည်။
နွယ်နီနိုင်(ချောက်)