ကနီမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရပ်/ကျေးကော်မတီဝင်များ ရပ်မိရပ်ဖများနှင့်တွေ့ဆုံ

 

ကနီ ဇူလိုင် ၅

ကနီမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနာယက ဦးရှိန်၊ ဥက္ကဋ္ဌ ဦးကျန်ထွန်း၊ အတွင်းရေးမှူး ဒေါ်မာမာဦးနှင့် ကော်မတီဝင်များသည် ကနီမြို့နယ် မိုးကောင်းအုပ်စု မိုးကောင်း ကျေးရွာပါတီဥက္ကဋ္ဌ နေအိမ်၌ ယနေ့မွန်းတည့် ၁၂ နာရီက ရပ်/ကျေးကော်မတီဝင်များ၊ ရပ်မိ/ ရပ်ဖများနှင့် သွားရောက်တွေ့ဆုံခဲ့သည်။

သွားရောက်တွေ့ဆုံရာတွင် ယနေ့ဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေများ၊ စီးပွားရေး၊ ဘာသာရေးအခြေအနေများကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ မိမိတို့ပါတီအနေဖြင့် ယခုဖြစ်ပေါ်နေသော အခြေအနေများကို အကောင်းဆုံး ဖြစ်အောင် စည်းလုံးညီညွတ်စွာ ဝိုင်းဝန်းဆောင်ရွက်ရန်လိုကြောင်း၊ လူမှုရေးတရားဥပဒေစိုးမိုးရေး ကိစ္စရပ်များ၊ ပြည်သူများကထားရှိရမည့် သဘောထားများ၊ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ပါတီနာယက ဦးရှိန်၊ ပါတီဥက္ကဋ္ဌ ဦးကျန်ထွန်း၊ အတွင်းရေးမှူး ဒေါ်မာမာဦးတို့က ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။

အောင်မျိုးထွန်း(ကနီလူငယ်)