ဖခင်ပြန်ပေးဆွဲခံရခြင်းကို ထိမ်ချန်ပြီး ကမ္ဘာ့ဖလားပွဲကစားခဲ့ဟု နိုင်ဂျီးရီးယား အသင်းခေါင်းဆောင်မီခေးလ်ပြော

နိုင်ဂျီးရီးယားတွင် ဖခင်ဖြစ်သူ ပြန်ပေးဆွဲခံရပြီး ရဲတိုင်လျှင် ပစ်သတ်မည်ဆိုသော သတင်းကို ကြားသိရပြီးနောက် လေးနာရီအကြာ၌ နိုင်ဂျီးရီးယား အသင်းခေါင်းဆာင် ဂျွန်အိုဘီမီ ခေးလ်သည် အရေးကြီးသော အာဂျင်တီးနား နှင့်ပွဲတွင် ပါဝင်ကစားခဲ့သည်။

‘‘အဲဒီကိစ္စကို ကျွန်တော့် ခေါင်းထဲက ထုတ်ထားပြီး ကျွန်တော့်နိုင်ငံအတွက် အရင်ဆုံးသွားပြီး ကိုယ်စားပြုခဲ့ ပါတယ်’’ ဟု မီခေးလ်က ပြောသည်။ မီခေးလ် ကအသင်းမတည်မငြိမ် မဖြစ်စေ ရေး ယင်းသတင်းကို အသင်းဖော် များနှင့် နည်းပြကို အသိမပေးဘဲ အာဂျင်တီးနားကို ရင်ဆိုင်ခဲ့ သည်။

မီခေးလ်၏ ဖခင်မိုက်ကယ် အိုဘီကို လက်နက်ကိုင်ပြန်ပေး သမားများထံမှ နိုင်ဂျီးရီးယား ရဲတပ်ဖွဲ့က နိုင်ငံ အရှေ့တောင်ပိုင်း တောအုပ်တစ်နေရာတွင် အပြန် အလှန် ပစ်ခတ်မှုဖြစ်ပြီးနောက် တနင်္လာနေ့က ကယ်တင်နိုင်ခဲ့ သည်။ မိုက်ကယ်အီုဘီသည် တစ်ပတ်ခန့်ကြာ ပြန်ပေးဆွဲခံရ သည်။

ဖခင် လွတ်မြောက်လာပြီးမှ မီခေးလ်က ယင်းပြန်ပေးဆွဲခံရသော ဖြစ်ရပ်ကို လူသိရှင်ကြား ထုတ်ဖော် ပြောဆိုခြင်းဖြစ်သည်။

ယင်းသည်နိုင်ဂျီးရီးယားတွင် မီခေးလ်၏ဖခင်ဒုတိယမြောက် ပြန်ပေးဆွဲခံရခြင်းဖြစ်ပြီး ယခု ပြန်ပေးဆွဲခံရသော သတင်းကို မီခေးလ်သည် အင်္ဂါနေ့ ညနေက စိန့်ပီတာစဘတ်မြို့၌ ရှိနေစဉ် ဖုန်းမှတစ်ဆင့် ကြားသိရခြင်းဖြစ်သည်။

—Ref:AP