မယ်ဆိုင်ဂူထဲက ကလေးတွေကို လောလောဆယ် အလျှင်အမြန် ခေါ်ထုတ်လာဖို့ အဆင်မပြေနိုင်သေး၊ စိုးရိမ်စရာတော့မလို
�Update: 9:54AM ၊ 3/7/2018�
မယ်ဆိုင်ဂူအတွင်း ရှာဖွေကယ်ဆယ်ရေး (၁၀)ရက်မြောက်နေ့ဖြစ်တဲ့ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ(၂)ရက်နေ့ညပိုင်းမှာ ရှာဖွေတွေ့ရှိခဲ့တဲ့ လူငယ်(၁၃)ဦးဟာ ယနေ့ ဇူလိုင်လ(၃)ရက်နေ့ နံနက်(၁၀)၀န်းကျင်အထိ ဂူထဲမှာပဲ ရှိပါသေးတယ်။
လောလောဆယ်မှာ အပြင်ကို ခေါ်ထုတ်ဖို့အတွက် ဂူလမ်းကြောင်းအရ နဲ့ ရေအခြေအနေများ အပါအ၀င် ကလေးတွေရဲ့ အားအင်အခြေအနေအရ အဆင်မပြေနိုင်သေးတဲ့အတွက် သူတို့ကို ဂူထဲမှာပဲ အာဟာရ ဖြည့်ဆည်းမှုတွေ၊ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးထားတဲ့အတွက် စိုးရိမ်စရာမရှိတော့ကြောင်းနဲ့ သူတို့ကို ခေါ်ထုတ်လာဖို့အတွက် စိတ်လောစရာ မလိုတော့ကြောင်း အပြင် ခေါ်ထုတ်လာဖို့အတွက်ကို ဆောင်ရွက်နေလျှက် ရှိကြောင်း ဒီနေ့ ဇူလိုင်လ(၃)ရက်နေ့ နံနက်ပိုင်းက သတင်းစာရှင်းလင်းပွဲမှာ ချင်းရိုင်းခရိုင် အုပ်ချုပ်ရေးမှူးနဲ့ တာဝန်ရှိသူများက ပြောကြားလိုက်ပါတယ်။ လက်ရှိမှာ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များဟာ ရှာတွေ့ထားပြီဖြစ်တဲ့ ကလေးများကို ခေါ်ထုတ်ဖို့ ရေစုပ်ထုတ်ခြင်း၊ အပေါ်ဂူပေါက်ဖောက်ခြင်း၊ ဂူအတွင်း လမ်းကြောင်း ရှင်းခြင်း စတာတွေကို ဆောင်ရွက်နေလျှက်ရှိပါတယ်။
Source: Skynet Up to Date