သတင်းတုဥပဒေကို ပြန်စိစစ်မယ်လို့ မလေးရှားဝန်ကြီးချုပ်သစ်ပြောကြား

မလေးရှားဝန်ကြီးချုပ်အသစ်ဖြစ်လာတဲ့ မဟာသီဟာမိုဟာမက်က အရင်အစိုးရဟောင်းလက်ထက်က အမြန်ရေးသားပြဋ္ဌာန်းခဲ့တဲ့ သတင်းအတုဆိုင်ရာဥပဒေကို ပြန်လည်သုံးသပ်သွားမယ်လို့ မနေ့က ပြောကြား လိုက်ပါတယ်။ ဒီဥပဒေဟာ သတင်းအတုရေးသားထုတ်ပြန်တဲ့သူတွေကို ထောင်ဒဏ် ၆ နှစ်အထိ ချမှတ်နိုင်တဲ့ ဥပဒေဖြစ်ပြီး အဂတိလိုက်စားမှုနဲ့ နာမည်ကြီးနေတဲ့ ဝန်ကြီးချုပ်ဟောင်း နာဂျစ်ကို ဝေဖန်ရေးသားတဲ့ သူတွေကို ဖိနှိပ်ဖို့ရေးဆွဲခဲ့တဲ့ ဥပဒေလို့ ဝေဖန်ခံနေရတဲ့ ဥပဒေဖြစ်ပါတယ်။

ဒီဥပဒေကို တိတိကျကျ လူတွေနားလည်အောင် ပြင်ဆင်ဖို့လိုကြောင်း၊ လူတွေနဲ့ သတင်းဌာနတွေ အနေနဲ့ သတင်းအတုနဲ့သတင်းအစစ်ကို သိရှိပြီးဖြစ်ကြောင်း၊ သတင်းစာ လွတ်လပ်ခွင့်ကို လက်ခံပေမယ့် အရာရာတိုင်းမှာ အကန့်သတ်ရှိကြောင်း မဟာသီယာက ပြောပါတယ်။

မဟာသီယာနဲ့ အတိုက်အခံ မဟာမိတ်ညွန့်ပေါင်းပါတီအဖွဲ့ဟာ ရွေးကောက်ပွဲကာလအတွင်း ဒီဥပဒေကို အစိုးရရဲ့ ဖိနှိပ်ရေးဥပဒေတခုအဖြစ် ဝေဖန်ခဲ့ကြပါတယ်။

-Ref; BBC