မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ မြို့နယ်ကြက်ခြေနီအသင်းခွဲအား အလှူငွေကျပ် ၃ဝဝဝဝပေးအပ်လှူဒါန်း

 

ကမ္ဘာ့ကြက်ခြေနီနေ့ အခမ်း အနားကို ယမန်နေ့ နံနက် ၉ နာရီ က ကချင်ပြည်နယ် ဗန်းမော်မြို့ အထက(၃)မြညီလာခန်းမ၌ကျင်းပ ခဲ့ရာ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးညွန့်စိုး၊ မြို့နယ်ကြက်ခြေနီ အသင်းခွဲ နာယကဂုဏ်ထူးဆောင် ဥက္ကဋ္ဌဦးမြင့်ဆွေ၊ မြို့နယ်ကြက်ခြေ နီအသင်းခွဲ ဥက္ကဋ္ဌဦးကျော်ဝင်းနှင့် ကော်မတီဝင်များ၊ မြို့နယ်ကြက် ခြေနီအသင်းတပ်ဖွဲ့ဝင်များ၊ မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးသက်ဝင်း၊ ကော်မတီဝင်ဦးမင်းသွင်နှင့်စုစုပေါင်း ၁၂၄ ဦးတက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ဒုတိယခရိုင်အုပ်ချုပ် ရေးမှူးဦးညွန့်စိုးက အမှာစကား ပြောကြား၍မြန်မာနိုင်ငံကြက်ခြေနီ အသင်းဥက္ကဋ္ဌပါမောက္ခဒေါက်တာ မြသူထံမှပေးပို့သည့်သဝဏ်လွှာအား မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးကျော်ဝင်းက ဖတ်ကြားသည်။

ဆက်လက်၍ မြို့နယ်ကြက် ခြေနီအသင်း၏ လူသားချင်းစာနာ ထောက်ထားမှုလုပ်ငန်းများအတွက် စေတနာရှင်များက အလှူငွေများ ပေးအပ်ခဲ့ကြရာမြို့နယ်ပါတီဥက္ကဋ္ဌ ဦးသက်ဝင်းက အလှူငွေကျပ် ၃ဝဝဝဝ ပေးအပ်လှူဒါန်းခဲ့၍ စေတနာရှင်များက မြန်မာနိုင်ငံ ကြက်ခြေနီအသင်းသို့ ရာသက်ပန် အလှူငွေများပေးအပ်လှူဒါန်းခဲ့ကြ သည်။ အလှူငွေများကို မြို့နယ် ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌဦးကျော် ဝင်းနှင့်တာဝန်ရှိသူများက အသီး သီးလက်ခံယူခဲ့ကြသည်။

ထို့နောက် ကြက်ခြေနီအသင်း ခွဲဥက္ကဋ္ဌနှင့်နာယကဂုဏ်ထူးဆောင် ဥက္ကဋ္ဌတို့က ၂ဝ၁၇ ခုနှစ် ကမ္ဘာ့ ရှေးဦးပြုစုခြင်းနေ့အထိမ်းအမှတ် ရှေးဦးပြုစုခြင်း စွမ်းရည်ပြိုင်ပွဲ (နေပြည်တော်)တွင်ပြည်နယ်ကိုယ် စားပြုယှဉ်ပြိုင်ခဲ့သည့် ဗန်းမော် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ဆုရရှိသူတပ်ဖွဲ့ဝင်များအား ဂုဏ်ပြု ဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြင့်ပေးအပ်ခဲ့ကြပြီး မြို့နယ် ကြက်ခြေနီ အမျိုးသမီးသူနာပြု တပ်ဖွဲ့ဝင်များက ‘ကရုဏာရှင်’ ကြက်ခြေနီသီချင်းဖြင့် သီဆိုဖျော် ဖြေခဲ့ကြောင်း သိရသည်။

ဆီမီးခုံ-နန်းရီ