ကျန်းမာရေးနှင်ကောင်းမွန်သောကိုယ်အလေးချိန်ဝိတ်ချခြင်း

ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းပြု့လုပ်ပါ ( ဥပမာ လမ်းလျှောက်ခြင်း အိပ်ထမတင်ကစားခြင်း အိမ်တွင်းမိမိ အဆင်ပြေကစားနိုင်သော ကာယလေ့ကျင့်ခန်း တစ်ခုခု ) သွေးသား လည်ပတ်ကောင်းမွန်ပြီး ခန္ဓာကိုယ် အချိုးအဆစ် ညီမျှမှု့အတွက်ပါ အကျိုးများစေသည်၊ အိပ်ရေးဝအောင် အိပ်စက်ရန်လိုအပ်ပါသည်။ အိပ်ရေးမဝခြင်း အိပ်ရေးပျက်တာကြောင့် ခုခံအား စနစ်ကျဆင်းစေခြင်း ၊ အရေပြားအတွက် ကော်လာဂျင် ထုတ်လှုပ်မှုကို နှေးစေးပြီး မိမိအရေပြား အရေးကြောင်းဖြစ်ပေါ်ခြင်းနှင့်အတူ အသည်းနှင့်သည်းခြေ၏ ဇီဝကမ္မဖြစ်စဉ်ကိုပါ ထိခိုက်စေသည့်အတွက် အိပ်ရေဝဝ အိပ်စက်ရန်လိုအပ်ပါသည် ။

ရေများများသောက်ရန်လိုအပ်ပါသည်။ ရိုးရိုးရေ ( ရေခဲရေ အေးနေသောရေ ရှောင်ပါ )ရေသောက် မနည်း စေဘဲ မိမိအစာမစားခင် ရေအနည်းငယ်သောက်ပေးပြီးမှ စားသောက်ရန် လိုအပ်ပါ သည် ။ ရေများများ သောက်ခြင်းသည်လည်း ကယ်လိုရီလျော့ကျစေနိုင်ပါသည် ။ မလိုအပ်သောစားသုံးမှုများကို ထိန်းသိမ်းပြီး တက်နိုင်သမျှ ရှောင်ကြဉ်သင့်ပါသည် ။ အစားအစာများကို နည်းနည်းခြင်းစား များများဝါးပေးပါ ။ ငါးအသား နှင့် အသီးအရွက်များ ပိုမိုစားသင့်ပြီး အဆီအဆိမ့်ပါသော အသား ၊ မုန့်သရေစာများ ရှောင်ရှားပေးပါ ။

လက်ဖက်ရည် နှင့် ကော်ဖီများကို လျှော့၍ သောက်သုံးပေးသင့်ပြီး အချိုဓာတ်များသော အစားအစာများ စားသုံးခြင်းမှလည်း ရှောင်ကြဉ်ပါ ။ စိတ်ဖိစီးမှု့မများရန်လိုအပ်ပါသည်။ စိတ်ဖိစီးမှုများတဲ့ အခြေအနေမှာ သင့်ခန္ဓာကိုယ်က ကော်တီဇောဟော်မုန်း ကို ထုတ်လုပ်ပါတယ်။ ဒီဟော်မုန်းက အဆီထုတ်လုပ်မှုကို တိုးစေပြီး အစာစားချင်စိတ်ပါ ပိုများ စေပါတယ်။
အဆီသည် ဗိုက်တစ်ဝိုက်တွင် စုစည်းများသဖြင့် ဗိုက်ခေါက်ထူခြင်း ဗိုက်ပူဗိုက်ဆူထွက်လာခြင်းကို သိသိသာသာ ဖြစ်ပေါ်စေပါသည် ။ ဒါကြောင့်မိမိတွင် စိတ်ဖိစီးမှု့နည်းရန်လည်း လိုအပ်ပါသည် ။

အပြင်အစားအသောက်များ လျော့နိုင်သမျှ လျှော့ခါစားပါ ။ အချိုမှုန့်သုံးစွဲပါဝင်မှု့ လွန်ကဲခြင်းနှင့်အတူ အကြိမ်ကြိမ် အပူများထားသောဆီများဖြင့် ကြော်လှော်ချက်ပြုတ် တက်ကြသဖြင့် အပြင်အစားအစာ များကိုသာ စားသောက်မှု့များလာပါက ကျန်းမာရေးအတွက် ရေရှည်တွင် ဆိုးကျိုးများလာနိုင်သဖြင့် လျှော့လျရန်လည်း လိုပါသည် ။ အသီးအနှံ သစ်သီးသစ်ရွက်ဟင်း ၊ အရည်များ ပိုမို စားသောက်ပေးပါ။

အချက်အလက်များကို အလေ့အကျင့်ဖြင့် နေထိုင်စားသောက်ခြင်းသည်သာ အကောင်းဆုံးဖြစ်ပါသည် ။

Mg Mandalay