မြန်မာနိုင်ငံအတွင်း လတ်တလောဖြစ်ပေါ်နေသော ဖြစ်စဉ်များနှင့်ပတ်သက်၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ နိုဝင်ဘာ ၂၃ ရက် နံနက် ၁ဝ နာရီက ပြည်ခိုင်ဖြိုးပါတီဌာနချုပ် (ရန်ကုန်) ၌ ကျင်းပခဲ့သော သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်လာသည့် သတင်းမီဒီယာများနှင့်တွေ့ဆုံစဉ် ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး၏ ရှင်းလင်းဖြေကြားချက်များ
ဒီကနေ့ သတင်းစာရှင်းလင်းပွဲကို တက်ရောက်လာကြတဲ့ သတင်းမီဒီယာသမားများ ကိုယ်စိတ်နှစ်ဖြာကျန်းမာ ပါစေလို့ ဆုတောင်းမေတ္တာပို့သပါတယ်။ နိုင်ငံတော်မှာ လတ်တလောဖြစ်နေတဲ့ ဖြစ်စဉ်များနဲ့ ပတ်သက်ပြီး ရှင်းလင်းမှာဖြစ်ပါတယ်။ အဲဒါကတော့ –
ဘာသာပေါင်းစုံဆုတောင်းပွဲများ ကျင်းပတာနဲ့စပ်လျဉ်းတဲ့ကိစ္စ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများနဲ့ ပတ်သက်တဲ့ကိစ္စ၊ နောက် ပြည်ခိုင်ဖြိုးပါတီကို စုပေါင်းပါတီဝင်အခမ်းအနားတွေ ကျင်းပပြီးတော့မှ ပါတီဝင် အသစ်တွေ ရောက်လာတဲ့ကိစ္စနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆောင်ရွက်ချက်များ စတာတွေနဲ့ ပတ်သက်ပြီးတော့မှ အသိပေးရှင်းလင်း တင်ပြသွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ ရှင်းလင်းဆွေးနွေး ပြောကြားပြီးတဲ့နောက်မှာ မီဒီယာသမားများ မရှင်းလင်းတာ၊ သိလိုသည်များကို မေးခွန်းမေးမြန်းနိုင်ပါတယ်။ ကျွန်တော်တို့ ဒီနေ့သတင်းစာ ရှင်းလင်းပွဲဆောင်ရွက်မှုကို မှတ်တမ်းတင် ဆောင်ရွက်ထားရှိသွားမှာဖြစ်ပါ တယ်။ ဒါ့အပြင် အချို့သော မီဒီယာဌာနများနဲ့ လူပုဂ္ဂိုလ်များကလည်း တိုက်ရိုက်ထုတ်လွှင့်မှုတွေ ဆောင်ရွက် ကြမယ်ဆိုတာ သိရပါတယ်။ ဒီနေရာမှာကြိုတင်ပြီး မေတ္တာရပ်ခံလိုတာကတော့ နားလည်မှု မလွဲမှားနိုင်စေဖို့ အတွက် ဒီကနေ့ ကျွန်တော်တို့ပြောဆိုတဲ့ အသံ၊ စကားလုံး၊ အသုံးအနှုန်း၊ စာသားများအတိုင်းပဲ ဖော်ပြ ထုတ်နုတ်ပေးကြဖို့ မေတ္တာရပ်ခံလိုပါတယ်။ ကျွန်တော်တို့ မီဒီယာသမားများဟာ စတုတ္ထမဏ္ဍိုင်လို့ ခံယူထားတဲ့ အတိုင်းပဲ နိုင်ငံတော်နဲ့နိုင်ငံသားများအကျိုးအတွက် တိုင်းပြည်မှာဖြစ်ပျက်နေတဲ့ လက်ရှိ သတင်းအခြေအနေ အမှန်တွေကို ပြည်သူလူထုထံရောက်ရှိသွားအောင် ကူညီ ဆောင်ရွက်ပေးကြပါလို့ ပြောကြားရင်း နိဂုံးချုပ်ပါ တယ်။