ကော့မှူးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှုဆင့်ပွားသင်တန်း အမှတ်စဉ် (၁) ဖွင့်လှစ်

ကော့မှူး နိုဝင်ဘာ ၂၂

ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ နိုင်ငံရေးစီမံခန့်ခွဲမှု ဆင့်ပွားသင်တန်း အမှတ်စဉ် (၁) ကို ယနေ့နံနက် ၉း၀၀ နာရီအချိန်က မြို့နယ်ပြည်ခိုင်ဖြိုးရုံးခန်းမ၌ ပြုလုပ်ခဲ့ သည်။
အဆိုပါအခမ်းအနားကို အစီအစဉ်လေးရပ်ဖြင့်ပြုလုပ်ခဲ့ရာ ပထမဦးစွာ နိုင်ငံတော်သီချင်းကို သံပြိုင်သီဆို၍ ဖွင့်လှစ်ခဲ့သည်။ ထို့နောက် ရန်ကုန်တောင်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီ ခရိုင်ကော်မတီအတွင်းရေးမှူး ဦးအောင်ကျော်မင်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များ၊ ဦးတည်ချက်များနှင့် မျှော်မှန်းချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ကော့မှူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီမြို့နယ်ဥက္ကဋ္ဌ ဦးကျော်ဇင်ဟိန်းက တက်ရောက်လာကြသော ကျေးရွာ၊ ရပ်ကွက် စည်းရုံးရေးမှူးများအား ယခုကဲ့သို့ စုံညီစွာ စိတ်ဝင်စားစွာသင်တန်းကို တက်ရောက်ပေးကြ သည့်အတွက် ကျေးဇူးအထူးတင်ရှိကြောင်း၊ ယခုကဲ့သို့ သင်တန်းသည် အဓိကအားဖြင့် Pulish Speaking အားကောင်းရန်၊ Talking Power များ မြင့်မားမှု၊ အတွေ့ကြုံရှိမှုများကို လက်တွေ့ Job Train ပြုလုပ်ပေးသည့် သင်တန်းဖြစ်ကြောင်း၊ ထို့ကြောင့် သင်တန်းအတွေ့အကြုံမှ လက်တွေ့နယ်ပယ်တွင် အသုံးပြုနိုင်သည်အထိ ဆောင်ရွက်နိုင်ရန်မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ သင်တန်းသား/သင်တန်းသူများအား သင်တန်းဆရာများမှ သင်ခန်းစာများကို ပို့ချလျက် သင်တန်းကို နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ယခုလ ၂၄ ရက်ထိ သုံးရက်ဖြစ်ပြီး ကော့မှူးမြို့နယ် မြို့ပေါ်ရပ်ကွက်၊ ကျေးရွာ အုပ်စု ၆၂ အုပ်စုမှ ရပ်ကျေးစည်း ရုံးရေးမှူး ၆၂ ဦး တက်ရောက်ကြောင်း သိရသည်။