ကျောဘက်မှန်ပါပြီး Snapdragon 630 သုံးထားတဲ့ Nokia 7 ကို တရုတ်နိုင်ငံတွင် မိတ်ဆက်

HMD Global ဟာ Nokia အမှတ်တံဆိပ် Android စမတ်ဖုန်း မော်ဒယ်သစ်ကို တရုတ်နိုင်ငံမှာ တရားဝင် မိတ်ဆက်လိုက်ပါတယ်။ ဒီဟန်းဆက်ဟာ Nokia ရဲ့ ကျောဘက်မှန်ပါတဲ့ ပထမဆုံး Android device ဖြစ်ကာ ကိုယ်ထည်ဘောင်က 7000 series အလူမီနီယံ ဖြစ်ပါတယ်။

Qualcomm Snapdragon 630 ကို အသုံးပြုထားပြီး 4GB ဒါမှမဟုတ် 6GB RAM နဲ့ ရရှိနိုင်ပါတယ်။ MicroSD card တွေကို ထောက်ပံ့ ပေးနိုင်တာကြောင့် built-in 64GB ကို တိုးမြှင့်အသုံးပြုနိုင်ပါတယ်။ IP54 အဆင့် ရေစိုခံနိုင်ပါတယ်။

Screen က ၅.၂ လက်မ 1080p IPS LCD ဖြစ်ပြီး Gorilla Glass 3 နဲ့ ကာကွယ်ထားပါတယ်။ ပင်မကင်မရာက 16MP နဲ့ f/1.8 aperture ဖြစ်ပြီး Dual-tone LED flash ပါဝင်ပါတယ်။ Selfie ကင်မရာက 5MP f/2.0 နဲ့ 84-degree field-of-view ဖြစ်ပါတယ်။

ချိတ်ဆက်မှုအပိုင်းမှာတော့ Wi-Fi 802.11ac, Bluetooth 5.0, GPS, USB Type-C, 3.5mm headset jack, NFC နဲ့ LTE Cat.6 တို့ ပါဝင်ပါတယ်။ ကျောဘက်မှာ fingerprint sensor ပါဝင်ပါတယ်။ ဒီဟန်းဆက်မှာ Android 7.1.1 Nougat ကိုအသုံးပြုထားပြီး Oreo update ရရှိမယ်လို့ သိရပါတယ်။ ဘက်ထရီက 3,000mAh ဖြစ်ပြီး 18W fast charging ကို ထောက်ပံ့ပေးထားပါတယ်။ ဒါ့အပြင် “Bothies” လို့ခေါ်တဲ့ အရှေ့ဘက်နဲ့ ကျောဘက်ကင်မရာတွေက ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို တစ်ပြိုင်နက် ရိုက်ကူးပေးမယ့် “Dual-sight” နည်းပညာလည်း ပါဝင်ပါတယ်။ Nokia OZO အသံစနစ်ကိုလည်း built-in ထည့်သွင်းပေးထားပါတယ်။

Nokia 7 ကို Gloss Black နဲ့ Matt White ဆိုပြီး အရောင်နှစ်မျိုးနဲ့ ရရှိနိုင်ပါတယ်။ တန်ဖိုးက 4GB RAM အတွက် ၃၇၇ ဒေါ်လာနဲ့ 6GB RAM အတွက် ၄၀၇ ဒေါ်လာကျသင့်မှာ ဖြစ်ပါတယ်။

-နောင်နောင်
Ref: GSMArena