ပရိသတ် တွေ သနားနေကြတဲ့ အကယ်ဒမီ ထက်ထက်မိုးဦး
ပရိသတ် တွေ သနားနေကြတဲ့ အကယ်ဒ မီထက်ထက်မိုးဦး ။ တခေတ်တခါက လျှမ်းလျှမ်းတောက် အောင်မြင် ခဲ့တဲ့ အကယ်ဒမီ ထက်ထက်မိုးဦး ဟာ အခုအချိန်မှာလည်း အနုပညာ အလုပ် တွေကို လုပ်ကိုင်နေပြီးတော့ ပရိသတ် အားပေးမူရရှိနေတဲ့ သူတစ်ဦးပါ။
လတ်တလော မှာတော့ အိုအေစစ် ဂျာနယ်ရဲ့ အင်တာဗျူး ဗီဒီယို ဖိုင် တစ်ခုမှာ ထက်ထက်မိုးဦး ရဲ့ အဖြေနဲ့ ပတ်သတ်ပြီးတော့ ပရိသတ် တွေ စိတ်မကောင်းဖြစ်နေကြပြီး အဲ့ဒိ Video file ကိုလည်း အများ အပြား share ထားတာကိုတွေ့ရပါတယ် ။
အဲ့ဒီ အင်တာဗျူး မှာတော့ ထက်ထက်မိုးဦးဟာ သူမရဲ့ သမီးလေး စစ်လွန်းဝတီထက် ကို ပညာတက် ဖြစ်စေချင်တဲ့ အကြောင်းရင်းကိုပြောပြထားတာကိုလည်း တွေ့ရပါတယ်။ ပညာတက် ပါက အမှားအမှန်ကို ဝေဖန် ပိုင်းခြားနိုင်ပြီးတော့ ပညာမတက်လျှင် အောင်မြင်မှု ကို နင်းခြေခံရတက်တဲ့ အကြောင်းကိုလည်း ထည့်သွင်းပြောဆိုထားပြီး သမီး ကိုတော့ ပညာတက ဖြစ်စေချင်တယ်လို့လည်း ပြောထားတာတွေ့ရပါတယ် ။
သူမ အောင်မြင်မူ အထွဋ်အထိပ် ရောက်နေတဲ့ အချိန်တုန်းကလည်း အနုပညာ လုပ်အားခနဲ့ ဆွေမျိုး မိတ်ဆွေတွေကိုလည်း ထောက်ပံ့ပေးနိုင်ခဲ့ပြီး အလှူအတန်းတွေလည်း အနုပညာ ကြေးနဲ့ပဲ လှူဒါန်းနိုင်ခဲ့တယ် လို့လည်း ပြောဆိုထားတာ တွေ့ရပါတယ်။ အခုအချိန်မှာတော့ ထက်ထက်မိုးဦး က ကြော်ငြာတွေ ရိုက်ကူး နေရပြီးတော့ အရင်လောက်တော့ ရိုက်ကူးမူ မရှိတော့ဘူး လို့လည်း သိရပါတယ်။
ထက်ထက်မိုးဦး က သူမခေတ်တုန်းက ကြော်ငြာ တစ်ခုကို တစ်နေ့ကို သုံးလေး ခုလောက်ရိုက်ခဲ့ရကြောင်း ကိုလည်း ” အရင် တုန်းကဆို တစ်ရက်ထဲကို ကြော်ငြာ နှစ်ခု သုံးခု သုံးခုလောက်ရိုက်ခဲ့ရတယ် တချို့ကျတော့ ကိုယ်လက်ခံထားပြီးသား ဖြစ်သလို တချို့ဟာတွေက ကျတော့ အနီးနားကျမှ ဖွင့်ပွဲ ရှိလို့ ဘာလို့ဆိုပြီး ရိုက်ပေးရတာတွေရှိတယ် ” လို့ အိုအေစစ်ဂျာနယ်ရဲ့ ဗီဒီယို အင်တာဗျူး မှာ ဖြေထားတာကိုတွေ့ရပြီးတော့ ကလေး နောက်ထပ်ယူဖို့ရှိသေးလား မေးခွန်း ကိုတော့ “တခြားဟာ မေးရအောင်နော်” လို့ ထက်ထက်မိုးဦး ပြန်ဖြေထားတာကြောင့် သူမတို့ရဲ့ ထက်ထက်မိုးဦး က MRTV 4 ရဲ့ ဇာတ်လမ်းတွဲတစ်ခုကို နိုဝင်ဘာလအထိ လက်ခံ ရိုက်ကူး သွားဖို့ ရှိတယ်လို့ သိရပါတယ်။
Credit: Myanmar Celebrities