ပြည်ခိုင်ဖြိုးပါတီမှ ဒုက္ခသည်စခန်းများအားသွားရောက်ပြီး ကြက်သွန်၊ အားလူး၊ ဆီ၊ ကြာဇံများ သွားရောက်လှူဒါန်း

 

၂၀၁၇ ခုနှစ် စက်တင်ဘာလ (၁၅) ရက်နေ့ နေ့လည် (၃း၀၀) နာရီ အချိန်တွင် မောင်တောမြို့နယ်၌ ဘင်္ဂလီအကြမ်းဖက်မှုကြောင့် စစ်တွေ မြို့သို့ ထွက်ပြေးတိမ်းရှောင်လာကြသော ရခိုင်   တိုင်းရင်းသားများအား ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ စစ်တွေမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ စစ်တွေ မြို့ ကျောင်းတက်လမ်းရပ်ကွက်ရှိ ရွှေစေတီဘုန်းတော်ကြီးကျောင်း၌ ထွက်ပြေးတိမ်းရှောင် လာကြသော ကျောင်းသား/သူ (၅၁) ဦးအား ပညာ သင်ကြားလျက်ရှိရာ အဆိုပါကျောင်းသား/သူများအား အားလူး၊ကြက်သွန် များ သွားရောက်လျက် လှူဒါန်းခဲ့ကြပါသည်။

ဆက်လက်၍ ရွာကြီးတောင်ရပ်ကွက်ရှိ မဏိရတနာဘုန်းတော်ကြီး ကျောင်း ဒုက္ခသည်စခန်း၌ အာလူး၊ ကြက်သွန်များအားလည်းကောင်း၊ ပြည်တော်သာရပ်ကွက်ရှိ ဒက္ခိဏရာမ ဘုန်းတော်  ကြီးကျောင်း ဒုက္ခသည် စခန်း၌ အာလူး၊ ကြက်သွန်အားလည်းကောင်း၊ ပြည်တော်သာရပ်ကွက်ရှိ အောင်မြေကုန်းဘုန်းတော်ကြီးကျောင်း ဒုက္ခသည်စခန်း၌ အားလူး၊ ကြက် သွန်၊ ဆီ၊ ကြာဇံအားလည်းကောင်း သွားရောက်လှူဒါန်းခဲ့ကြပါသည်။

Crd;