ဗဟိုအတွင်းရေးမှူးနှင့်အဖွဲ့ဝင်များရန်ကုန်မြောက်ပိုင်းခရိုင်ရေးရာကော်မတီဝင် များနှင့်တွေ့ဆုံ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်နှင့် ခရိုင် အတွင်းရှိ မြို့နယ်များမှ ရေးရာကော်မတီများ အလိုက် တာဝန်ရှိသူများတွေ့ဆုံပွဲအားယမန်နေ့ (စနေနေ့)တွင် ကျင်းပခဲ့ သည်။ယင်းတွေ့ဆုံပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူးဒေါက်တာဒေါ်စန်းစန်းနွယ်၊ဗဟိုကော်မတီဝင်ဒေါ်ခင်ရွှေမြင့်၊ တိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးခင်မောင်တင့်၊ ခရိုင်ကော်မတီဝင်များ၊ ခရိုင်အတွင်းရှိမြို့နယ် ပါတီ များမှ ပါတီဥက္ကဋ္ဌများ၊ ရေးရာကော် မတီအလိုက် တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြ သည်။

Union daily