တံတားဦးမြို့နယ် ပါတီကော်မတီကြားဖြတ်ရွေးချယ်ဖွဲ့စည်းရေးအစည်း အဝေး ကျင်းပ

 

မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် ပါတီကော်မတီ ကြားဖြတ် ရွေးချယ်ဖွဲ့စည်းရေးအစည်း အဝေးကို ယနေ့နေ့လည်​ (၀၂း၃၀) နာရီတွင် တံတားဦးမြို့နယ်​ ပါတီရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ယင်းအစည်းအဝေးသို့ မန္တ​လေးတိုင်း​ဒေသကြီး ပါတီဥက္ကဌ ဦးဝင်းမောင် နှင့် တိုင်းကော်မတီဝင်များ၊ ​ကျောက်​ဆည်​ခရိုင်​ ပါတီဥက္ကဌနှင့်​ ခရိုင်​​ကော်​မတီ ဝင်​များ၊ ​တံတားဦးမြို့နယ်​ ပါတီဥက္ကဌနှင့်​ ​ကော်​မတီဝင်​များ၊ ​ရွေးချယ်​​ရေးအဖွဲ့ဝင်​များ၊ ရပ်​/​ကျေးများမှ ကိုယ်စားလှယ်များ တက် ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် လစ်​လပ်​မြို့နယ်​​ကော်​မတီ​နေရာအား လုပ်​ထုံးလုပ်​နည်းနှင့်​အညီ​ ရွေးချယ်​တင်​​မြှောက်​ခဲ့ကြ​ကြောင်း သိရှိရပါသည်​။

ပြည်ခိုင်ဖြိုး မန္တလေးတိုင်းဒေသကြီး