ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကို ဟယ်ရီကိန်း(၂)နှစ်ဆက် ဆွတ်ခူး

စပါးတိုက်စစ်မှူး ဟယ်ရီကိန်းဟာ ဟားလ်စီးတီးနဲ့ ရာသီပိတ်ပွဲမှာပါ ဟက်ထရစ် ထပ်ရခဲ့တာကြောင့် ၂၀၁၆-၁၇ ရာသီ ရဲ့ ပရီးမီးယားလိဂ်ဂိုးသွင်းအများဆုံး၊ ရွှေဖိနပ်ဆုကို ဆွတ်ခူးရရှိ သွားခဲ့ပါတယ်။

ဒါကြောင့် ၂၀၁၃ခုနှစ်က ဗန်ပါစီ နောက်ပိုင်း ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုကို (၂)ရာသီဆက် ရရှိတဲ့ ပထမဆုံး ကစားသမားလည်းဖြစ်လာပါတယ်။

နောက်ဆုံး(၂)ပွဲမှာ (၇)ဂိုးအထိသွင်းနိုင်ခဲ့တဲ့ ဟယ်ရီကိန်းဟာ ဒီရာသီပရီးမီးယားလိဂ်မှာ သွင်းဂိုး(၂၉)ဂိုး ရှိသွားပြီ ဖြစ်ပြီး အဲဗာတန်တိုက်စစ်မှူး လူကာကူ(၂၅ဂိုး)နဲ့ အာဆင်နယ် တောင်ပံ ကစားသမား ဆန်းချက်ဇ် (၂၄)ဂိုးတို့ကို ကျော်ကာ ရွှေဖိနပ်ဆုကို ရခဲ့တာပါ။

_Ref; Sky Sports