ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်ဦးသောင်းအေး ကျေးရွာချင်းဆက်လမ်းဖွင့်ပွဲတက်ရောက်

 
ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ် အမှုဆောင်နှင့် ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးသည် ယမန်နေ့ နံနက်ပိုင်းတွင် ပျော်ဘွယ်မြို့နယ် လက်သဲကြိုးအုပ်စု ဘိုကုန်းကျေး ရွာ၌ ကျင်းပသော ဘိုကုန်းကျေး ရွာနှင့်နတ်တာဆည် ဆက်သွယ် သည့်ကိုယ့်အားကိုယ့်ကိုး မြေသား လမ်းဖွင့်ပွဲသို့တက်ရောက်အားပေး ပြီး အမှာစကားပြောကြားခဲ့သည်။
ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်က အမှာစကားပြောကြားရာ တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးအတွက် ဘက်ပေါင်းစုံမှ တတ်နိုင်သမျှကြိုးစားဆောင်ရွက် ပေးနေကြောင်း၊ ယခုကဲ့သို့ မိမိ ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် ကိုယ့်အားကိုယ့်ကိုးပြီး စုပေါင်း ဆောင်ရွက်ခြင်းသည် ဂုဏ်ယူရ မည့်အချက်ဖြစ်ပါကြောင်း၊လမ်းဖြစ် မြောက်ရေးအတွက် ငွေအလှူရှင် များ၊ မြေအလှူရှင်များကိုလည်း အထူးကျေးဇူးတင်ရှိပါကြောင်း၊ ကျေးရွာအတွင်း စည်းလုံးညီညွတ် စွာနေထိုင်ပြီး ရပ်ရွာအကျိုးကို ယခု ထက်ပိုမို၍ ဆောင်ရွက်နိုင်ရန် ဆန္ဒ ပြုပါကြောင်း ပြောကြားသည်။
ဆက်လက်၍ အဆိုပါလမ်းကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးမြင့်စိုး နှင့် ပျော်ဘွယ်မြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးမှူး ဦးနိုင်နိုင်ဝင်းတို့က ဖဲကြိုးဖြတ်ဖွင့် လှစ်ပေးသည်။ အဆိုပါလမ်းသည် အရှည် နှစ်မိုင် လေးဖာလုံရှိပြီး အလှူရှင်၂၅ ဦး လှူဒါန်းငွေကျပ် ၈၅သိန်းဖြင့်ဖောက်လုပ်ခဲ့သည့် မြေ သားလမ်းဖြစ်ကြောင်းနှင့်ပြည်ခိုင်ဖြိုး ပါတီကိုယ်စား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးသောင်းအေးက ငွေကျပ်တစ်သိန်းလှူဒါန်းခဲ့သည်။ ဆက်လက်၍ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်သည် ပျော်ဘွယ်မြို့ နယ်ပြည်ခိုင်ဖြိုးပါတီ၊ မြို့နယ်ကော် မတီဝင်များဖြစ်ကြသော ဦးအောင် ဇော်မြင့်၊ ဦးသက်ဦးတို့နှင့်အတူ ဒီးဒုတ်ကုန်းကျေးရွာ၊မြောက်ညောင် ကုန်းကျေးရွာများသို့သွားရောက် ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကိုကြည့်ရှုအား ပေးခဲ့ကြောင်းသိရသည်။

ဦးမျိုး(ပျော်ဘွယ်)