မန္တလေးမဟာသင်္ကြန်တွင် တိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီမှ ဖြိုးမန္တလာရေကစားမဏ္ဍပ်ဖြင့် ပါဝင်ဧည့်ခံမည်

 

မန္တလေးမြို့တော် မဟာသင်္ကြန် ပွဲတော်တွင်မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီက ဖြိုးမန္တလာရေကစား မဏ္ဍပ်အား ၇၃ လမ်း၊ ၂၇ လမ်းနှင့် ၂၈ လမ်းကြားရှိ တိုင်းပါတီရုံးရှေ့ တွင်ဆောက်လုပ်၍ သင်္ကြန်ပွဲတော် လာ ပြည်သူများအား ဧည့်ခံဖျော် ဖြေရေကစားခြင်းများကို ပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီးပြည်ခိုင် ဖြိုးပါတီက မဟာသင်္ကြန်ပွဲတော် အကြိုနေ့တွင် မဟာမုနိဘုရားကြီး နှင့် တိုင်းဒေသကြီး ပါတီရုံးတို့တွင် စတုဒိသာကျွေးမွေးခြင်း၊ မဟာ သင်္ကြန်အကျနေ့မှ အတက်နေ့အထိ ဖြိုးမန္တလာ ရေကစားမဏ္ဍပ်သို့လာ ရောက်လည်ပတ်ကြသော ပြည်သူ လူထုအား အတာရေပက်ဖျန်းခြင်း၊ မြန်မာ့ရိုးရာ အတာသင်္ကြန်သီချင်း များဖြင့်သီဆိုကပြဖျော်ဖြေခြင်းများ အား ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
”ကျွန်တော်တို့ ပြည်ခိုင်ဖြိုး ပါတီအနေနဲ့ မြန်မာတို့ရဲ့ ၁၂ လ ရာသီပွဲတော်ရက်တိုင်းမှာ ပြည်သူ လူထုတွေနဲ့အတူ ပူးပေါင်းပါဝင်ခဲ့ ပါတယ်။ အခုသင်္ကြန်ပွဲတော်မှာ လည်း သံဃာတော် အရှင်သူမြတ် များနဲ့သက်ကြီးဝါကြီး ပုဂ္ဂိုလ်တွေ ကို ပူဇော်ကန်တော့တာတို့၊ စတု ဒိသာကျွေးမွေးတာတို့၊ အတာရေ ပက်ဖျန်းတာတို့ကိုဆောင်ရွက်သွား မှာပါ။ပြည်ခိုင်ဖြိုးပါတီဟာပြည်သူ့ အတွက်ဆိုရင်အခုလိုသင်္ကြန်ပွဲတော် အပါအဝင် ဘယ်လိုအခြေအနေ ဘယ်လို အချိန်အခါမျိုးမှာဖြစ်ဖြစ် ကျရာနေရာက ပူးပေါင်းပါဝင်သွား မှာပါ”ဟုမန္တလေးခရိုင်ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးဘိုသင်းက ပြော ကြားခဲ့သည်။
မန္တလေးတိုင်းဒေသကြီး ပြည် ခိုင်ဖြိုးပါတီက ဦးစီးဆောင်ရွက် သော ဖြိုးမန္တလာရေကစားမဏ္ဍပ် တွင် သင်္ကြန်အကျနေ့မှ အတက်နေ့ အထိ အောင်မြေသာစံ၊ ချမ်းအေး သာစံ၊ မဟာအောင်မြေ၊ ချမ်းမြ သာစည်၊ ပြည်ကြီးတံခွန်၊ အမရ ပူရနှင့် ပုသိမ်ကြီးစသည့် မြို့နယ် ခုနစ်မြို့နယ်မှ လှပျိုဖြူ ၄၅ ဦးက သင်္ကြန်ပွဲတော် ကာလအတွင်း သင်္ကြန်တေးသီချင်းများဖြင့်မိုးစန္ဒာ တေးဂီတမှ တီးခတ်သီဆိုမှုဖြင့် ကပြဖျော်ဖြေဧည့်ခံသွားမည်ဖြစ် ကြောင်း၊ ရေကစားခြင်းကိုလည်း နံနက် ၈ နာရီမှ ၁၁ နာရီအထိ တစ်ကြိမ်၊ မွန်းလွဲ ၃ နာရီမှ ညနေ ၆ နာရီအထိတစ်ကြိမ် တစ်ရက် လျှင်နှစ်ကြိမ် ပြုလုပ်သွားမည်ဖြစ် ကြောင်း၊ မဏ္ဍပ်လုံခြုံရေးနှင့်ပတ် သက်၍ CCTV ကင်မရာ ကိုးလုံး ဖြင့် စောင့်ကြည့်သွားမည့်အပြင် ပါတီမှလုံခြုံရေး ၂၄ ဦးစီကို နံနက် ၁၂ ဦး၊ ညနေ ၁၂ ဦး တာဝန်ပေး ထားပြီး အာဏာပိုင်အဖွဲ့အစည်း များမှလုံခြုံရေးအဖွဲ့များအားလည်း ခေါ်ယူထားကြောင်း သိရသည်။

သုတ