ငါးကြီးဆီသောက်တာဟာ ထင်သလောက် ဉာဏ်ကောင်းစေမှာမဟုတ်

omega-3 အက်ဆစ်ဓါတ်ပါဝင်တဲ့ ငါးကြီးဆီကို အသားအရေအတွက်၊ ဦးနှောက်ကျန်းမာရေးအတွက် အသုံးပြုကြသူများပြီး အချို့ကတော့ မိမိတို့ ကလေးငယ်များကို ဉာဏ်ရည်ဖွံ့ဖြိုးစေနိုင်ဖို့ ငါးကြီးဆီ တိုက် ကျွေးလေ့ရှိကြပါတယ်။

ဒါပေမယ့် ယခုထွက်ပေါ်လာတဲ့ လေ့လာမှုအသစ်တစ်ရပ်အရ အဆိုပါအချက်ဟာ ရာနှုန်းပြည့် မမှန်ကန် ပါဘူးလို့ ဆိုပါတယ်။ သြစတျေးလျှပညာရှင်တွေဟာ ကိုယ်ဝန်ဆောင် ၂၅၀၀ ခန့်ကို ၁၀ နှစ်ခန့် အချိန်ပေး လေ့လာခဲ့တာဖြစ်ပြီး သူတို့တွေ့ရှိရတဲ့ ရလာဒ်အရတော့ ကလေးငယ်တွေရဲ့ ဉာဏ်ရည်ဉာဏ်သွေးဟာ ငါးကြီးဆီကြောင့် သိသိသာသာ ပြောင်းလဲသွားတာမျိုးတော့ မတွေ့ရပါဘူးတဲ့။

အဓိကကတော့ ကိုယ်ဝန်ဆောင်မိခင်ဖြစ်သူဟာ ကျန်းကျန်းမာမာနဲ့ သင့်တင့်မျှတပြီး အာဟာရပြည့်ဝသော အစားအစာတွေကို စားပေးယုံနဲ့တင် ရင်သွေးငယ်ရဲ့ ခန္ဓာကိုယ်နဲ့ ဉာဏ်ရည်ဉာဏ်သွေး ဖွံ့ဖြိုးတိုးတက်ဖို့ လုံလောက်နေပါပြီ။

ဒါပေမယ့် ငါးကြီးဆီမှာ အခြားသော ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးတွေတော့ အများအပြားရှိနေပြီး အယ်လ်ဇိုင်းမားရောဂါ ကာကွယ်ရာမှာ၊ စိတ်ဖိအားတွေကို လျှော့ချရာမှာ၊ ကင်ဆာရောဂါတွေကို ကာကွယ် ရာမှာတော့ အထောက်အကူများစွာ ဖြစ်နေပါသေးတယ်။

Credit – momolay