အင်ဒီးယန်းဝဲလ် မာစတာ ကွာတားဖိုင်နယ်သို့ ရော်ဂျာဖက်ဒရာ တက်ရောက်
အင်ဒီးယန်းဝဲလ်မာစတာ တင်းနစ်ပြိုင်ပွဲ ပွဲစဉ်တွေမှာ နာမည်ကြီး တင်းနစ်ကစားသမား ရော်ဂျာဖက်ဒရာက စပိန်တင်းနစ် ကစားသမား ရာဖေးလ်နာဒယ်ကို သူ့ရဲ့ ကစားသမားဘ၀ ပထမဆုံး ၃ ပွဲဆက်အနိုင်ရတဲ့ စံချိန်နဲ့အတူ ကွာတားဖိုင်နယ်ကို တက်ရောက်သွားခဲ့ကြောင်း သိရပါတယ်။
အသက် ၃၅ နှစ် အရွယ်ရှိ ဆွစ်ဇာလန် နိုင်ငံသား ဖက်ဒရာဟာ လွန်ခဲ့တဲ့ ၂ လခန့်က သြစတြေးလျ အိုးပင်းမှာ အနိုင်ရခဲ့ဖူးတဲ့ နာဒယ်လ်ကို ယခုပွဲစဉ်မှာလည်း ၆-၂ ၊ ၆-၃ နဲ့ အနိုင်ရပြီး ကွာတားဖိုင်နယ်ကို တက်ရောက်ခဲ့ပါတယ်။
သူဟာ ကွာတားဖိုင်နယ်မှာတော့ ကမ္ဘာ့အဆင့် ၂ ရှိ ဆားဘီးယား တင်းနစ်ကစားသမား နိုဗက်ဂျိုကိုဗစ်ကို ၆-၄၊ ၇-၆ (၇-၃) နဲ့ အနိုင်ယူခဲ့တဲ့ သြစတြေးလျနိုင်ငံသား နစ်ကရိုင်ဂျော့ရှ်နဲ့ ရင်ဆိုင်ရမှာလည်း ဖြစ် ပါတယ်။
-Ref; Sky Sports