ပြည်ခိုင်ဖြိုးပါတီ ဗဟိုဦးဆောင်ကော်မတီနာယက ဦးသိန်းစိန်အား မြန်မာနိုင်ငံဆိုင်ရာထိုင်းနိုင်ငံသံအမတ်ကြီး လာရောက်တွေ့ဆုံ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီ ဗဟိုဦးဆောင်ကော်မတီ နာယက ဦးသိန်းစိန်အား တာဝန် ပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံ အမတ်ကြီး HE. Mr Pisanu Suvanajata နှင့်ဇနီးတို့က ယနေ့ ညနေ ၄ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဌာနချုပ် ဧည့်ခန်းမဆောင်၌ လာရောက်တွေ့ဆုံသည်။
ယင်းသို့ တွေ့ဆုံရာတွင် နှစ် နိုင်ငံချစ်ကြည်ရင်းနှီးမှု ဆက်လက် တိုးမြှင့်ရေး၊ အတူလက်တွဲဆောင် ရွက်စဉ် နှစ်နိုင်ငံအရေးကိစ္စများ အောင်မြင်စွာ ပူးပေါင်းဆောင်ရွက်နိုင် ခဲ့မှု၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင်ပူးပေါင်းပါဝင်ကူညီပေးခဲ့မှုများအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပါတီဗဟိုဦးဆောင်နာယက ဦးသိန်းစိန်နှင့် အတူ ပါတီဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး၊ ပါတီဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် နိုင်ငံတကာရေးရာတာဝန်ခံဦးဝဏ္ဏမောင်လွင်တို့ တက် ရောက်ခဲ့ကြသည်။