ဗဟိုအလုပ်အမှုဆောင် တောင်သူလယ်သမားရေးရာ (တာဝန်ခံ)နှင့် ဗဟိုကော်မတီဝင်များ မြန်မာ့ရိုးရာ လှည်းယာဉ်ကြော့ပြိုင်ပွဲ တက်ရောက်အားပေး
ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း) ပဲခူးခရိုင် ညောင်လေးပင်မြို့နယ် ပြည်ခိုင်ဖြိုး ပါတီ တောင်သူလယ် သမားရေးရာက ကြီးမှူးကျင်းပသည့် ယခုလ ၂ ရက်တွင် ကျရောက်သည့် တောင်သူလယ် သမားနေ့ကို ဂုဏ်ပြုသောအားဖြင့် မြန်မာ့ရိုးရာ လှည်းယာဉ်ကြော့ပြိုင်ပွဲအား ကျင်းပရာကွင်းတွင် ဗဟိုအလုပ်အမှုဆောင် တောင်သူလယ်သမားရေးရာ (တာဝန်ခံ) ဦးအောင်တင်မြင့်၊ ဗဟို ကော်မတီဝင်များ၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးအောင်စိုး၊ ပဲခူးခရိုင်အတွင်းရှိ မြို့နယ်ပါတီဥက္ကဋ္ဌ များ၊ ညောင်လေးပင်မြို့နယ် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးစိုးပိုင်နှင့် မြို့နယ်ပါတီကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။
ဖွင့်ပွဲအခမ်းအနားတွင် ဗဟိုအလုပ်အမှုဆောင် တောင်သူလယ် သမားရေးရာ(တာဝန်ခံ) ဦးအောင်တင်မြင့်က အဖွင့်အမှာစကားပြောကြားခြင်း၊ ပြိုင်ပွဲကျင်းပရေး ကော်မတီဥက္ကဋ္ဌ ဦးဆန်းတင့်က ပြိုင်ပွဲကျင်းပရသည့် ရည်ရွယ်ချက် စည်းကမ်းများ ရှင်းလင်းပြောကြားခြင်း၊ ပြိုင်ပွဲဝင် လှည်းယာဉ်ကြော့နွားလှည်းများကို ဗဟိုအလုပ်အမှုဆောင်မှ အလံရိုက် တာလွှတ်ပေးခြင်း၊ ပါတီ ဌာနချုပ် တောင်သူလယ်သမား ရေးရာမှ ပြိုင်ပွဲဝင် လှည်းယာဉ်ကြော့ နွားလှည်းများကို လက်ဆောင် ပစ္စည်းများပေးအပ်ခဲ့ပြီး ဖွင့်ပွဲ အခမ်းအနားကို နံနက် ၁၁ နာရီ တွင် ရုပ်သိမ်းခဲ့သည်။
မြန်မာ့ရိုးရာလှည်းယာဉ်ကြော့ ပြိုင်ပွဲအား အနယ်နယ်အရပ်ရပ်မှ လှည်းယဉ်ကြော့ ချစ်မြတ်နိုး သူများ၊ ပြိုင်ပွဲဝင်အသင်းများ လာရောက် ယှဉ်ပြိုင်ကြပြီး တောင်သူများမှာ လည်း အထူးဝမ်းမြောက်လျက်ရှိ ကြောင်း သိရသည်။
အောင်မြတ်သူ