အော်စကာဆုကိုပါ သိမ်းပိုက်လိုက်နိုင်ပြီဖြစ်တဲ့ အမ်မာစတုန်း

 ဒီနှစ်ဟာ အမ်မာစတုန်းရဲ့နှစ်လို့ ဆိုရပါမယ်။ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့ဆန်းဂျလိစ်ရှိ Dolby ပြဇာတ် ရုံမှာ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ည (မြန်မာစံတော်ချိန် နံနက် ၈ နာရီမှစတင်) မှာ ကျင်းပခဲ့တဲ့ ၈၉ ကြိမ်မြောက် အော်စကာဆုပေးပွဲမှာ La La Land ရဲ့အောင်ပွဲခံမှုမှာ ယင်းဇာတ်ကားရဲ့မင်းသမီး အမ်မာစတုန်းလည်း ပါဝင်သွားခဲ့ပါပြီ။

 

အမ်မာဟာ ဇန်နဝါရီလ ၈ ရက်နေ့တုန်းကလည်း ရွှေကမ္ဘာလုံးဆုပေးပွဲမှာ La La Land ဇာတ်ကားနဲ့ပဲ အကောင်းဆုံးဇာတ်ဆောင်မင်းသမီးဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။ ဒါ့အပြင် အသက် ၂၈ နှစ်အရွယ် မင်းသမီးဟာ SAG Awards 2017 ဆုပေးပွဲမှာလည်း La La Land ဇာတ်ကားနဲ့ပဲ ဆုထပ်မံရရှိခဲ့ပါသေးတယ်။

La La Land ဇာတ်ကားဟာ ယခုအချိန်အထိ (ဇာတ်ကားဆု မကြေညာရသေး) Best production design၊ Best cinematography၊ Best score၊ Best song – (City of Stars)နဲ့ Best Director တို့ကိုလည်း ရရှိထားပြီး ဖြစ်ကာ ဆုအရေအတွက် ၆ ဆုကို သိမ်းပိုက်နိုင်လိုက်ပြီဖြစ်ပါတယ်။

La La Land ဟာ ဟောလိဝုဒ်မှာရော လက်မှတ်ရောင်းချမှုမှာပါ ရလဒ်ကောင်းခဲ့ပြီး ဂီတဇာတ်လမ်းတွေ ရွှေခေတ်ရောက်တော့မယ်လို့ လမ်းညွှန်ပြသခဲ့ပါတယ်။

La La Land ဇာတ်ကားဟာ ရွှေကမ္ဘာလုံးဆုပေးပွဲမှာ ဆု ၇ ဆု ဆွတ်ခူးရင်း ယင်းဆုပေးပွဲသမိုင်းမှာ ဆု အများဆုံးရရှိတဲ့ ဇာတ်ကားအဖြစ် စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။

Duwun