ကျောက်ဖြူအထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ရန် မြန်မာကုမ္ပဏီ ၂၂ ခုကို ရွေးချယ်

ကျောက်ဖြူအထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ရေး တရုတ်ကုမ္ပဏီနှင့် ပူးပေါင်း အကောင်အထည်ဖော် ရန် လျှောက်ထားသည့် မြန်မာကုမ္ပ ဏီ ၃၀ အနက် ၂၂ ခုကို သတ်မှတ် အရည်အချည်းပြည့်စုံ၍ ရွေးချယ်ထားကြောင်း သတင်းရရှိသည်။

Consortium (လုပ်ငန်းအစု အဖွဲ့)အတွက် ကုမ္ပဏီတစ်ခုနှင့် အများပိုင်ကုမ္ပဏီအဖြစ် ၂၁ ခုကို ရွေးချယ်ခဲ့ သည်ဟု ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါက် တာ ဦးမောင်က ဖေဖော်ဝါရီ ၁၃ ရက်တွင် ပြောသည်။

စီမံခန့်ခွဲမှုကော်မတီက ရွေး ချယ်ထားသည့် ကုမ္ပဏီ ၂၂ ခုကို အထူးစီးပွားရေးဇုန် ဗဟိုလုပ်ငန်း ကော်မတီထံ တင်ပြထားပြီး ပြည် ထောင်စုအစိုးရ၏ သဘောတူညီ မှုကို စောင့်ဆိုင်းနေသည်ဟု ၎င်း က ဆက်လက်ပြောသည်။

‘‘ဓနအင်အားနဲ့ လုပ်ငန်း လုပ်ချင်တဲ့အနေအထားတွေ အ ပေါ်မူတည်ပြီး ဆုံးဖြတ်ခဲ့တာပါ။ ဘယ်ကုမ္ပဏီတွေက ဘာလုပ် ငန်းတွေ လုပ်ရမလဲဆိုတာတော့ ဗဟိုကော်မတီက ဆုံးဖြတ်လိမ့်မယ်’’ ဟု ဒေါက်တာဦးမောင်က ပြောသည်။

ကျောက်ဖြူအထူးစီးပွားရေး ဇုန် စီမံခန့်ခွဲမှုကော်မတီ တင်ဒါ အောင်မြင်ထားသည့် တရုတ် CITIC ကုမ္ပဏီနှင့် ပူးပေါင်းလုပ် ဆောင်လိုသည့် မြန်မာကုမ္ပဏီ များကို ၂၀၁၆ ဒီဇင်ဘာအတွင်း ဖိတ်ခေါ် ခဲ့သည်။ ယင်းဖိတ်ခေါ်မှုကို မြန်မာကုမ္ပဏီ ၃၀ က လျှောက်ထားခဲ့သည်။

နိုင်ငံတွင်းရှိ အထူးစီးပွားဇုန် များနှင့်ပတ်သက်၍ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ဦးဆောင် သည့် ကော်မတီက ဖေဖော်ဝါရီ ၉ ရက်တွင် အစည်းအဝေးပြုလုပ် ခဲ့သည်။ ထိုအစည်းအဝေးတွင် ဒုသမ္မတက ကျောက်ဖြူအထူးစီး ပွားရေးဇုန်ကိုလည်း သိမ်မွေ့ညင် သာစွာ အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဟုဆိုသည်။ အဆိုပါအစည်းအဝေးတွင် ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို မဖြစ်မနေ အကောင်အထည်ဖော်မည်ဟု ဆုံးဖြတ်ချက်ချခဲ့ကြောင်း ဒေါက်တာဦးမောင်ကပြောသည်။

တင်ဒါအောင်ထားသည့် တရုတ် CITIC Consortium သည် ကျောက်ဖြူ အထူးစီးပွားရေးဇုန် အတွင်း စက်မှုဇုန်နှင့် ရေနက်ဆိပ် ကမ်းစီမံကိန်းနှစ်ခုအတွက် အမေ ရိကန်ဒေါ်လာကိုးဘီလီယံ ရင်းနှီး မြှုပ်နှံပြီး မြေဧက ၄,၂၀၀ ကျော် အသုံးပြုမည်ဟုဆိုသည်။ စက်မှု ဇုန်အတွက် တင်ဒါခေါ်ယူစဉ်က ရှယ်ယာပိုင်ဆိုင်မှုကို မြန်မာဘက် က ၅၁ ရာခိုင်နှုန်းနှင့် တရုတ်ကုမ္ပ ဏီဘက်ကို ၄၉ ရာခိုင်နှုန်း သတ် မှတ်ထားသော်လည်း ရေနက် ဆိပ်ကမ်းအတွက် သတ်မှတ် ချက် မရှိသေးပေ။

# 7 Day Daily