ပုဏ္ဏားကျွန်းမြို့နယ် ပါတီတွင်းစည်းလုံးညီညွှတ်ရေး တွေ့ဆုံဆွေးနွေး
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေး ခန်းမ၌ ဖေဖော်ဝါရီ ၅ ရက် နေ့လယ် ၂ နာရီက ပြည်နယ်ပါတီဥက္ကဋ္ဌနှင့်အဖွဲ့သည် မြို့နယ်ပါတီအဆင့်ဆင့် တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ မြို့နယ်ပါတီတွင်း စည်းလုံးညီညွတ်ရေးအတွက် ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ဗဟိုအလုပ်အမှုဆောင် ပြည်နယ်ပါတီဥက္ကဋ္ဌ ဒေါက်တာစန်းရွှေ၊ ပြည်နယ်ပါတီ အတွင်းရေးမှူး ဦးသန်းဝေ (ဗဟိုကော်မတီဝင်)၊ ပြည်နယ်ပါတီ ဘဏ္ဍာရေးမှူး ဦးသန်းထွန်း (ဗဟို ကော်မတီဝင်)၊ ပြည်နယ်ပါတီကော်မတီဝင် များဖြစ်ကြသော ဦးစန်းငွေ (လူငယ်ရေးရာတာဝန်ခံ)၊ ဦးဘသိန်း (အလုပ် သမားရေးရာတာဝန်ခံ)၊ ဦးထွန်းအောင်ခိုင် (တောင်သူလယ်သမားရေးရာ တာဝန်ခံ) နှင့် စစ်တွေခရိုင် ပါတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူး၊ မြို့နယ် ပါတီကော်မတီ ၀င်များ၊ ရပ်/ကျေးခေါင်းဆောင်များ စုစုပေါင်း ၅၅ ဦး တက်ရောက်ခဲ့ကြသည်။
တွေ့ဆုံပွဲတွင် ပြည်နယ်ပါတီဥက္ကဋ္ဌမှ တွေ့ဆုံရခြင်းနှင့်စပ်လျဉ်း၍ အဖွင့်အမှာစကားများ ပြောကြားပြီးနောက် ပြည်နယ်ပါတီကော်မတီဝင်များမှ မြို့နယ်ပါတီတွင်း စည်းလုံးညီညွတ်ရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့သည်။
ဆက်လက်၍ မြို့နယ်ပါတီကော်မတီဝင်များမှ တင်ပြဆွေးနွေးစရာများအား ရှင်းလင်းတင်ပြခဲ့ကြပြီး တင်ပြချက်များအပေါ် ပြည်နယ်ပါတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြသည်။