အဘူဘာကာ၏ နောက်ကျဂိုးဖြင့် ကင်မရွန်း အာဖရိကဖလားဗိုလ်စွဲ
အာဖရိကနိုင်ငံ များဖလားဗိုလ်လုပွဲတွင် ကင်မ ရွန်းက အီဂျစ်ကို နောက်မှလိုက် ကစားကာ ၂-၁ ဂိုးဖြင့် အနိုင်ရခဲ့ ပြီး ငါးကြိမ်မြောက် ဗိုလ်စွဲခဲ့သည်။အီဂျစ်နည်းပြ ဟက်တာကူးပါး သည် ဗိုလ်လုပွဲများတွင် ရလဒ်ဆိုး ရလေ့ရှိသည့် မှတ်တမ်းကို မချေဖျက်နိုင်ခဲ့ဘဲ စံချိန်ဆိုးကို ဆက် လက်ထိန်းသိမ်းခဲ့ရသည်။
အီဂျစ်အတွက် ပွဲချိန် ၂၂ မိနစ်တွင် အယ်လ်နီနီက ကင်မရွန်းဂိုးသမား၏ ဘယ်ဘက် ထောင့်သို့ အမြင့်ဘောကန်ကာ ဂိုးရယူခဲ့ပြီး ကင်မရွန်းအတွက်အန်ကူလူးက ပွဲချိန် ၅၆ မိနစ်တွင် ခေါင်းတိုက်ချေပဂိုးသွင်းယူခဲ့ သည်။ ပွဲပြီးဆုံးချိန်နီးကပ်သည် အထိ တစ်ဖက်တစ်ဂိုးစီ သရေကျနေသောကြောင့် အချိန်ပိုဆက်ကစားရမည်ဟု အားလုံးက ထင်မှတ်ထားချိန်တွင် အလှည့်အ ပြောင်းအဖြစ် လူစားဝင်လာသူ အဘူဘာကာက ပွဲပြီးရန် နှစ်မိနစ်အလိုတွင် ကင်မရွန်းအတွက် အဖိုး တန်အနိုင်ဂိုးသွင်းယူခဲ့သည်။
ထို့ကြောင့် ခုနစ်နှစ်အတွင်းဗိုလ်လုပွဲသို့ ပထမဆုံးတက်ရောက် ပြီး အာဖရိကဖလားသမိုင်းတစ် လျှောက် ရှစ်ကြိမ်မြောက် ဗိုလ်စွဲ ရေး အီဂျစ်၏ ရည်မှန်းချက်ပြယ် လွင့်ခဲ့ရသည်။ ကင်မရွန်းသည် အာဖရိကဖလားဗိုလ်စွဲရန် ၁၅ နှစ်ကြာ စောင့်ဆိုင်းခဲ့ရသည်။ ၂၀၀၂ က ဆီနီဂေါနှင့် ဂိုးမရှိသရေကျ ပြီးနောက် ပင်နယ်တီအဆုံးအ ဖြတ်ကန်ခဲ့ရာ ၃-၂ ဂိုးဖြင့် အနိုင် ရခဲ့ခြင်းက နောက်ဆုံးဖြစ်ခဲ့ပြီး ယခုနှစ်ပြိုင်ပွဲတွင်လည်း ဗိုလ်စွဲ ရန် ရေပန်းမစားခဲ့ပေ။
သို့သော်ငါးကြိမ်မြောက် ဖလားရရှိခဲ့သဖြင့် ပြိုင်ပွဲသမိုင်း တွင် အီဂျစ်ပြီးလျှင် ဒုတိယအ အောင်မြင်ဆုံးအသင်းဖြစ်လာခဲ့ သည်။
‘‘ကစားသမားတွေအတွက် ကျွန်တော်ပျော်ပါတယ်။ ဒါက ဘောလုံးသမားအုပ်စုမဟုတ်ပါ ဘူး။ သူတို့က သူငယ်ချင်းအုပ်စု ပါ’’ဟု ၎င်း၏နည်းပြဘ၀ပထမ ဆုံးအာဖရိကဖလားဆွတ်ခူးနိုင် ခဲ့သည့် ကင်မရွန်းနည်းပြ ဟူဂို ဘရို့စ်က ပြောသည်။
အီဂျစ်နည်းပြဟက်တာကူး ပါးသည် ဗလင်စီယာကို ကိုင် တွယ်စဉ်က ၂၀၀၀ နှင့် ၂၀၀၁ တွင် ချန်ပီယံလိဂ်ဖလားဗိုလ်လုပွဲ သို့ နှစ်ကြိမ်ဆက်တက်ရောက်ခဲ့ ဖူးသော်လည်း ရီးရဲလ်မက်ဒရစ် နှင့် ဘိုင်ယန်မြူးနစ်ကို ရှုံးနိမ့်ခဲ့ရ သည်။
‘‘ကျွန်တော်နောက်ထပ်ဗိုလ် လုပွဲတစ်ပွဲ ရှုံးနိမ့်လို့ ၀မ်းနည်း တာ မဟုတ်ပါဘူး။ အီဂျစ်တစ် နိုင်ငံလုံးရဲ့ မျှော်လင့်ချက်တွေနဲ့ ကြိုးစားအားထုတ်မှု အပြည့်ထား ခဲ့တဲ့ ကစားသမားတွေအတွက် စိတ်မကောင်းဖြစ်တာပါ’’ဟု အာ ဂျင်တီးနားသား ကူးပါးက ပြော သည်။
—Ref:Reuters/BBC