မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ တိုင်းဒေသကြီး ခရိုင် မြို့နယ် ပါတီလုပ်ငန်းညှိနှိုင်း

မန္တလေးတိုင်း ဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ၏ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ပါတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောကိတိုဘာ (၃) ရက် နံနက် ၉ နာရီက တိုင်းဒေသကြီးအစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

အစည်းအဝေးတွင် မန္တလေးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးဝင်းမောင်က အဖွင့်အမှာစကား ပြောကြားပြီး တိုင်းဒေသကြီးပါတီအတွင်းရေးမှူး ဦးအောင်ကျော်မိုးက ပါတီ အဖွဲ့အစည်းများ ဖွဲ့စည်းမှုနှင့် ပါတီလုပ်ငန်းတာဝန်များနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးကာ ခရိုင်အသီးသီး မှ ခရိုင်ပါတီဥက္ကဋ္ဌများက မိမိတို့ခရိုင်နှင့် သက်ဆိုင်သော ပါတီဖွဲ့စည်းမှု၊ ပါတီဝင်အင်အား အခြေအနေ၊ စည်းရုံးရေး၊ စီမံခန့်ခွဲရေးနှင့် ဘဏ္ဍာရေးအခြေအနေများကို ဆွေးနွေးတင်ပြ ခဲ့ကြသည်။

Read more

ကရင်ပြည်နယ်ပါတီ လုပ်ငန်းညှိနှိုင်းစည်းဝေးကျင်းပ

ကရင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာလ (၂) ရက် နေ့လည် (၁၂) နာရီခွဲအချိန်တွင် ကျင်းပပြုလုပ်ရာ  ဗဟိုအလုပ်အမှုဆောင် ပြည်နယ်ပါတီဥက္ကဋ္ဌ ဥိးစောမြင့်ဦး မှ ရှေ့လုပ်ငန်းစဉ် (၇) ရပ်ကို ဆွေးနွေးပြောကြား၍ အဖွင့်အမှာစကား ပြောကြားပြီး ဗဟိုကော်မတီဝင် ပြည်နယ်ပါတီ အတွင်းရေးမှူး ဦးစန်းကိုမှ လုပ်ငန်းဆောင်ရွက်ရမည့်တာဝန်များ ဖြည့်စွက်မှာကြားခဲ့သည်။

14463018_310993972601126_6173702416579869263_n

(more…)


Read more

ထူးချွန်ကျောင်းသားကျောင်းသူများ ဂုဏ်ပြုပွဲ ရန်ကင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီကျင်းပ

ရန်ကုန်တိုင်းဒေသကြီးရန်ကင်း မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီမှ မြို့နယ်တွင်းရှိ ၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ် ထူးချွန်ကျောင်းသားကျောင်းသူများ ကို အောက်တိုဘာလ (၂) ရက်နေ့ နံနက် ၉ နာရီက ပါတီ ခန်းမ၌ ဂုဏ်ပြုပွဲကျင်းပသည်။

အဆိုပါဂုဏ်ပြုပွဲသို့ ရန်ကုန်တိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဗဟိုကော်မတီဝင် ဦးသာဝင်း၊ တိုင်းဒေသကြီး/ခရိုင်မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

Read more

ကျိုက်ထိုပြည်ခိုင်ဖြိုး အာရုဏ်ဆွမ်းလောင်းလှူ

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးဌေးဝင်းနှင့် မြို့နယ်ပါတီကော်မတီဝင်များ သည် ၂၀၁၆ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့ နံနက် ၄းဝဝ နာရီအချိန်တွင် ကျိုက်ထိုပြည်ခိုင်ဖြိုးရုံး၌ သံဃာတော် အရှင်သူမြတ် ၈၄၈ ပါးအား ဝါတွင်း အာရုဏ်ဆွမ်း လောင်းလှူပူဇော် ခဲ့ကြောင်းသိရှိရပါသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မွန်ပြည်နယ်

Read more

သန်လျင်မြို့နယ်တွင် စိုက်ပျိုးစရိတ်ချေးငွေကိစ္စ၊ လယ်ယာမြေ မှတ်ပုံတင်ပုံစံ(၇) ရရှိရေးကိစ္စများ ရှင်းလင်းပြောကြား

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး ရတနာခန်းမ၌ အောက်တိုဘာ (၂) ရက် နံနက် (၁၀) နာရီခွဲအချိန်က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်းမှ သန်လျင်မြို့နယ်အတွင်းရှိ ကျေးရွာများမှ တောင်သူလယ်သမားများ၏ ကိုယ်စား တိုင်းဒေသကြီး လွှတ်တော်တွင် စိုက်ပျိုးစရိတ်ချေးငွေကိစ္စ၊ လယ်ယာမြေ မှတ်ပုံတင်ပုံစံ(၇) မရရှိသေးသောသူများ ပုံစံ(၇)ရရှိရေးကိစ္စရပ်များနှင့်ပက်သက်၍ ကြယ်ပွင့်ပြ မေးခွန်းမေးမြန်းခဲ့ရာ တိုင်းဒေသကြီး လယ်/ဆည်ဝန်ကြီးမှ ပြန်လည်ဖြေကြား ပေးခဲ့သည့် အကြောင်းအရာများကို တောင်သူလယ်သမားများထံ လာရောက် တွေ့ဆုံ၍ ပြန်လည်ရှင်းလင်း ပြောကြားခဲ့ပါသည်။

Read more

လွှတ်တော်နှစ်ရပ်သဘောကွဲလွဲသည့်ရပ်ကျေးဥပဒေကြမ်း ပြည်ထောင်စုလွှတ်တော်တွင် အဆုံးအဖြတ်ခံယူမည်

13081804_1136480829709399_320826700_n

လွှတ်တော်နှစ် ရပ်သဘောကွဲလွဲသည့် ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စုအုပ် ချုပ်ရေးမှူးဥပဒေ တတိယ အကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းကိုပြည်ထောင်စု လွှတ်တော်တွင် အဆုံးအဖြတ်ခံယူမည်ဖြစ်သည်။ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က အောက်တိုဘာ ၆ ရက် ကျင်းပသည့် လွှတ်တော်တွင် အဆို တင်ခဲ့ပြီး လွှတ်တော်ဥက္ကဋ္ဌက ပြည် ထောင်စုလွှတ်တော်သို့ တင်ပြရန် ဆုံးဖြတ်ခဲ့သည်။

Read more

တရားမ၀င်နေထိုင်သည့် နိုင်ငံခြားသားတွေ့ရှိပါက ရဲလက်အပ်ရန် ပြည်သူများတွင် တာဝန်ရှိဟု ရန်ကုန်တိုင်း ၀န်ကြီးဆို

13081804_1136480829709399_320826700_n

ရန်ကုန်မြို့တွင် တရား မ၀င်နေထိုင်လုပ်ကိုင်နေသော နိုင်ငံခြားသားများတွေ့ရှိပါက ဖမ်းဆီး၍ ရဲလက်အပ်ရန် ပြည်သူများ၌ တာဝန်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အလုပ်သမားရေးရာနှင့် ရခိုင်တိုင်းရင်းသား လူမျိုးရေးရာ ၀န်ကြီး ဦးဇော်အေးမောင်က ပြောသည်။

ရန်ကုန်မြို့တွင် နေထိုင်လုပ် ကိုင်လျက်ရှိသော နိုင်ငံခြားသားများသည် မည်သည့်ဗီဇာဖြင့် လာသနည်း၊ အလုပ် လုပ်ကိုင်ခွင့် တရားဝင်အလုပ်ပါမစ်ရှိ၊ မရှိသိလို ကြောင်း ပန်းဘဲတန်းမြို့နယ်မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်သို့ မေးမြန်းရာ ဦးဇော်အေးမောင်က  အထက်ပါ အတိုင်း    ပြန်လည်ဖြေကြားခြင်းဖြစ်သည်။

Read more

လူမှုကွန်ရက် စာမျက်နှာတွင် မမှန်သတင်း ဖော်ပြသူနှင့် ခြိမ်းခြောက်ငွေတောင်းယူမှုများကို ဖော်ထုတ်အရေးယူမည်

လူမှုကွန်ရက် စာမျက်နှာများတွင် မတူကွဲပြားသည့် ဘာသာရေးလူမျိုးရေးအပေါ် အမုန်းတရားဖြစ်စေမည့် ဝါဒဖြန့် သူများနှင့် ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ် လူတစ်ဦး၏ ဂုဏ်သိက္ခာကို ထိခိုက်စေရန် ဆောင်ရွက်ပြီး အတင်းအကျပ် စေခိုင်းမှု၊ ငွေကြေးတောင်းခံမှုများ ပြုလုပ်နေသူတို့ကို ဖော်ထုတ်အရေးယူမည် ဖြစ်ကြောင်း ရဲချုပ် ဇော်ဝင်းက ပြောကြားသည်။ (more…)


Read more

Harrow International School Bangkok ၏ ပညာရေးဆွေးနွေးပွဲ ကျင်းပမည်

Harrow International School Bangkok ၏ ထောက်ပံ့မှုဖြင့် ဗြိတိသျှကောင်စီမှ အာဆီယံနိုင်ငံအတွင်း အကောင်းဆုံး ကျောင်းအိပ်ကျောင်းစားကျောင်းတွင် ပညာသင်ယူလိုသော မြန်မာနိုင်ငံရှိ အသက် (၁၁) နှစ်မှ (၁၇) နှစ်အတွင်းရှိ ကျောင်းသားများအတွက် ပညာရေးဆွေးနွေးပွဲတစ်ရပ်ကို ၂၀၁၆ အောက်တိုဘာလ ၁၃ ရက်၊ ညနေ ၄ နာရီမှ ၆ နာရီအထိ ရန်ကုန်မြို့ ကမ်းနားလမ်းရှိ ဗြိတိသျှကောင်စီစာကြည့်တိုက်တွင် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။ (more…)


Read more

တောင်တရုတ် ပင်လယ်အရေး AIPA ညီလာခံတွင် မဆုံးဖြတ်နိုင်ခဲ့

တင်သွင်းသည့် ပင်လယ်ရေကြောင်း လုံခြုံရေးပူးပေါင်းမြှင့်တင်ရန်နှင့် ရေသယံဇာတများ ကာကွယ်ရေး မြင့်တင် ရန်ဆိုသည့် စာတမ်းအောက်တွင် တောင်တရုတ် ပင်လယ်အရေးကိစ္စကို ထည့်သွင်းဆွေးနွေးခဲ့သော်လည်း ဆုံးဖြတ်ချက် တစုံတရာ ချမှတ်နိုင်ခဲ့ခြင်း မရှိကြောင်း သိရသည်။ (more…)


Read more