Year: 2025
နွားထိုးကြီးမြို့နယ်ပါတီနှင့် အုပ်စုခေါင်းဆောင်များ လပတ်စည်းအဝေးပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကော်မတီနှင့် အုပ်စု ခေါင်းဆောင်များ လပတ်အစည်းအဝေးကို အောက်တိုဘာ (၁၁) ရက် နံနက် (၉) နာရီခွဲအချိန်တွင် ကျင်းပ ပြုလုပ်ရာ တိုင်းဒေသကြီးပါတီကော်မတီဝင် (နယ်မြေတာဝန်ခံ) ဦးမြတ်သူ၊ ခရိုင်ပါတီဥက္ကဌ ဦးကျော်တင်၊ မြို့နယ် ပါတီဥက္ကဌ ဦးကြည်ဖေ၊ နွားထိုးကြီးမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၇၂)အုပ်စုမှ ပါတီခေါင်းဆောင်များ တက်ရောက်ကြပြီး ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးခဲ့ကြပါသည်။
Read moreသီပေါပြည်ခိုင်ဖြိုးမှပြည်သူ့ဆေးရုံကြီးတွင် အာဟာရကျွေးမွေး

သီပေါမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဖွဲ့စည်းထားရှိသော ဖြိုးစေတနာရှင် လူမှုကူညီရေးအဖွဲ့မှ အောက်တိုဘာ (၁၁) ရက် နံနက် (၆) နာရီခွဲအချိန်တွင် သီပေါမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးအောင်အောင်နှင့် ဖြိုးစေတနာရှင် လူမှုကူညီရေးအဖွဲ့ဥက္ကဌတို့ဦးဆောင်၍ စည်းရုံးရေးအဖွဲ့နှင့် အဖွဲ့ဝင်များ၊ ရုံးဝန်ထမ်းများမှ သီပေါမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသော ဝေဒနာရှင်များနှင့် လူနာစောင့်များ တာဝန်ကျ ဆရာ၊ ဆရာမများ၊ ၀န်ထမ်းများအား နွားနို့၊ ပေါင်မုန့်နှင့် ကိတ်မုန့်များ အာဟာရပြုကျွေးမွေးခဲ့ကြောင်း သတင်း ရရှိသည်။
Read moreပြည်ခရိုင်ပါတီရုံးတွင် တောင်သူလယ်သမားရေးရာဆွေးနွေး
ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) ပြည်ခရိုင်ပြည်မြို့ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးခန်းမ၌ ယခုလ ၉ ရက် ည (၇) နာရီက ပါတီ ဗဟိုအလုပ် အမှုဆောင် တောင်သူလယ်သမားရေးရာတာဝန်ခံ ဦးအောင်တင်မြင့်နှင့် ပြည်ခရိုင်အတွင်းရှိ မြို့နယ်ခြောက်မြို့နယ်မှ တောင်သူလယ်သမား ရေးရာတာဝန်ခံများ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

Read more
မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များအတွင်း ဖြစ်ပွားခဲ့သည့် လုံခြုံရေးဖြစ်စဉ်နှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်နယ်ဝန်ကြီးများ၊ နိုင်ငံရေးပါတီများ တွေ့ဆုံဆွေးနွေးပွဲသို့ ရခိုင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီကိုယ်စား ပါတီဗဟိုအလုပ်အမှုဆောင် ပြည်နယ်ပါတီဥက္ကဋ္ဌ ဒေါက်တာစန်းရွှေ တက်ရောက်ဆွေးနွေး
မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များအတွင်း ဖြစ်ပွားခဲ့သည့် လုံခြုံရေးဖြစ်စဉ်နှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးများသည် ပြည်နယ်ဝန်ကြီးများ၊ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးပွဲကို အောက်တိုဘာ (၁၁) ရက် ညနေ (၄) နာရီအချိန်က ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး ၀န်ကြီးချုပ်ဧည့်ခန်းမဆောင်တွင် ကျင်းပပြုလုပ် ရာ ရခိုင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီကိုယ်စား ပါတီဗဟိုအလုပ်အမှုဆောင်၊ ပြည်နယ်ပါတီဥက္ကဋ္ဌ ဒေါက်တာစန်းရွှေမှ တက်ရောက်ဆွေးနွေးခဲ့သည်။
Read more
ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း ဟင်္သာတခရိုင်အတွင်းရှိ ပါတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများအား တွေ့ဆုံ
ဒေသအကျိုးပြုလုပ်ငန်းများ အရှိန်မလျှော့ဘဲ ဆက်လက်ဆောင်ရွက်ရန်နှင့် အတိတ်ကအမှားများကို သင်ခန်းစာ ယူကာ မိမိပါတီ အောင်နိုင်ရေးကိုစွမ်းအားမြှင့်တင် ဆောင်ရွက်နိုင်ရေးအပါအဝင် စည်းရုံးရေးရာ၊ စီမံရေးရာ ကဏ္ဍ များ ပေါင်းစပ်ညှိနှိုင်းနိုင်ရေးအတွက် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူးနှင့် ဟင်္သာတခရိုင်အတွင်းရှိ ခရိုင်နှင့် မြို့နယ်ပါတီများမှ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ တွေ့ဆုံပွဲ ကို အောက်တိုဘာ (၁၁) ရက် နံနက် ၈ နာရီက ဟင်္သာတခရိုင်ပါတီရုံး စုဝေးခန်းမတွင် ကျင်းပခဲ့သည်။

Read more
ပါတီဗဟိုဦးဆောင်ကော်မတီဝင် သူရဦးအေးမြင့်ဝါဆိုသင်္ကန်းကပ်နှင့် ဓာတ်လှေကား တပ်ဆင်လှူဒါန်းခြင်း မင်္ဂလာသို့တက်ရောက်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုဦးဆောင်ကော်မတီဝင် သီရိပျံချီသူရဦးအေးမြင့် သည် ယခုလ ၉ ရက် မွန်းလွဲ ၂ နာရီတွင် မန္တလေးမြို့ မဟာသုန္ဒရာ ရာမကျောင်းတိုက် ငါးထပ်ကျောင်း ဆောင်၌ကျင်းပသည့် ရန်ကုန်မြို့နေ အဂ္ဂမဟာ သီရိသုဓမ္မမဏိဇောတဓရ ဒေါက်တာသာရင်မြတ် မိသားစု က မန္တလေးမြို့ ကျောင်းတိုက် အသီးသီးမှ ဝါဆိုသံဃာတော် အရှင်သူမြတ် ၃၈၈၉ ပါးတို့အား ဝါဆိုသင်္ကန်းနှင့် ဓာတ်လှေကားတပ်ဆင် လှူဒါန်းခြင်း အလှူတော်မင်္ဂလာ အခမ်းအနားသို့ တက်ရောက်ပူဇော်သည်။

Read more
ကင်ဆာဆဲလ် ၉၈% ရာခိုင်နှုန်းကျော် သေစေတဲ့ ကြက်ဟင်းခါးသီး
ကြက်ဟင်းခါးသီးပင်လေးဟာ အာရှတိုက်မှာဆိုရင် သာမန်အပင်လေး တစ်ပင်လောက်ပါပဲ။ ဂျပန်နိုင်ငံ အိုကီနာဝါ က နှစ်ပေါင်းကြာရှည်အသက်ရှင်တဲ့ လူဦးရေ တွေကြား အတော်လေးလူသိများပါတယ်။ ရေပါဝင်မှုပမာဏ (၅%) ရာခိုင်နှုန်းသာရှိတဲ့ ကြက်ဟင်းခါးသီးရည်က အစာကြေမှုအတွက် အနှောက်အယှက်ပေးတဲ့ ကင်ဆာဆဲလ်တွေရဲ့ လမ်းကြောင်းလေးခုကို ဖျက်ဆီးပေးပါတယ်။

Read more
နိုင်ငံတော်အချူပ်အခြာအာဏာကို ထိပါးစော်ကားခံနေရပြီဟု ရခိုင်အမျိုးသားပါတီ ထုတ်ပြန်
ရခိုင်ပြည်နယ် အနောက်ဘက် မောင်တောနှင့် ရသေ့တောင်မြို့နယ်များရှိ နယ်ခြားစောင့်တပ်စခန်းများသို့ ဝင်ရောက်စီးနင်းကာ လက်နက်များအား လုယူမှုပြုလုပ်ခဲ့သည့် အကြမ်းဖက်သမားများ၏လုပ်ရပ်မှာ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ထိပါးစော်ကားလိုက်ခြင်းဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီက ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်သည်။ (more…)
Read more










