Year: 2025
ပြည်ခိုင်ဖြိုးပါတီ ဗဟိုဦးဆောင်ကော်မတီဝင် ဦးဌေးဦး ဟင်္သာတဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပါတီဗဟိုဦးဆောင်ကော်မတီဝင် ဦးဌေးဦးနှင့် ဇနီး မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်နာယက ဒေါ်နီနီဝင်းတို့သည် ယခုလ ၁၃ ရက် နံနက် ၁ဝ နာရီခွဲက ဧရာဝတီတိုင်းဒေသ ကြီး ဟင်္သာတခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးညွန့်လှိုင်နှင့် ခရိုင်အလုပ်အမှုဆောင်များ၊ ဟင်္သာတမြို့နယ်ပါတီ ဥက္ကဋ္ဌဦးညွန့်ဦးနှင့် အလုပ်အမှုဆောင်များ၊ အလှူရှင်များနှင့်အတူ အင်္ဂပူမြို့နယ် မယ်ဇလီကုန်း ဒေသကျောင်းကွင်း ကျေးရွာအုပ်စု ကိုမဲကလေးကွင်း သုခသီတလသာသနာ့ကုန်းမြေ၊ ဘာဝနာဓူရ၊ ဖားအောက်တောရ ဗုဒ္ဓသာသနာ့ ရိပ်သာတိုက်သို့ရောက်ရှိပြီး ကျောင်းထိုင်ဆရာတော် သာသနာ့ဓဇ ဓမ္မာစရိယ ဘဒ္ဒန္တကဉ္စနအား လှူဖွယ်ပစ္စည်း များနှင့် ဆိုလာမီးကိုးစုံ ဆက်ကပ်လှူဒါန်း ဖူးမြော်ကြည်ညိုသည်။

Read more
ရခိုင်တိုင်းရင်းသား ကျေးရွာများကို အထိခံမည် မဟုတ်ဟုဆို
အကြမ်းဖက်တိုက်ခိုက်မှုများဖြစ်ပွားနေသည့် ရခိုင်ပြည်နယ် မောင်တောခရိုင်ရှိ ရခိုင်တိုင်းရင်းသားကျေးရွာများကို အထိအခိုက်ခံမည်မဟုတ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက မောင်တောမြို့နယ်မှ ဒေသခံများနှင့် အောက်တိုဘာလ ၁၂ ရက်နေ့က တွေ့ဆုံစဉ် ပြောဆိုလိုက်သည်။ (more…)
Read more
ရခိုင်ပြည်နယ်တွင်းဖြစ်ပေါ်ခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုအပေါ် ခေတ်သစ်ပြည်သူ့ပါတီ၏ သဘောထားထုတ်ပြန်
၂ဝ၁၆ ခုနှစ်၊ အောက်တိုဘာလ(၉)ရက်တွင် ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်း နယ်ခြားစောင့် ရဲကွပ်ကဲမှု ဌာနချုပ်နှင့် ကွပ်ကဲမှုအောက်ရှိ ရဲကင်းစခန်း(၃)ခုတို့အား ရုတ်တရက် အကြမ်းဖက် ဝင်ရောက်တိုက်ခိုက်မှုအပေါ် ခေတ်သစ်ပြည်သူ့ပါတီမှ သဘောထားထုတ်ပြန်ချက်(၂/၂ဝ၁၆)ကို အောက်တိုဘာလ (၁၁) ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ အဆိုပါထုတ်ပြန်ချက်တွင် – (more…)
Read more
ချောင်းဆုံပြည်ခိုင်ဖြိုး လစဉ်ပုံမှန်အစည်းအဝေးပြုလုပ်
မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်၊ ရပ်/ကျေး လစဉ်ပုံမှန် အစည်း အဝေးကို ၂၀၁၆ ခုနှစ် အောက်တိုဘာလ (၁၂) ရက် နံနက် ၁၂း၃၀ နာရီအချိန်တွင် မြို့နယ်ပါတီရုံး၌ ကျင်းပပြုလုပ်ရာ အစည်းအဝေးကို မြို့နယ်ပါတီဥက္ကဌ၊ အတွင်းရေးမှူးနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ၄၆ အုပ်စုမှ ရပ်/ကျေး စည်းရုံးရေးမှူးများ စုစုပေါင်း (၅၅)ဦး တက်ရောက်ခဲ့ကြသည်။

Read more









