အီတလီအိုးပင်းမှာ မာရေးနဲ့ ဆရီနာ ဝီလျံ ချန်ပီယံဆု ဆွတ်ခူး

516498498498

အီတလီအိုးပင်း တင်းနစ်ပြိုင်ပွဲမှာ ဗြိတိန်တင်းနစ် ကစားသမား အန်ဒီမာရေးနဲ့ အမေရိကန် တင်းနစ်မယ် ဆရီနာဝီလျံတို့ ဗိုလ်စွဲပြီး ချန်ပီယံဆုဖလား ဆွတ်ခူးသွားခဲ့ပါတယ်။

တနင်္ဂနွေနေ့ (မေလ ၁၅ ရက်) မှာ ကျင်းပခဲ့တဲ့ အီတလီအိုးပင်း အမျိုးသားတစ်ဦးချင်း ဗိုလ်လုပွဲစဉ်မှာ အန်ဒီမာရေး က နိုဗက်ခ်ဂျိုကိုဗစ်ကို ၆-၃၊ ၆-၃ ဖြင့် ပွဲငယ်နှစ်ပွဲပြတ် အနိုင်ရရှိကာ ဆုဖလား ရရှိခဲ့တာ ဖြစ်ပါတယ်။

Read more

သေဒဏ်အပြစ်ပေးမှု ပြန်ကျင့်သုံးမည်ဟု ဖိလစ်ပိုင်သမ္မတသစ် ပြော

5164984984984

မေလ ၉ ရက်နေ့ တုန်းက သမ္မတအဖြစ် ရွေးချယ်တင်မြောက်ခံရသူ Rodrigo Duterte (Credit: Reuters)

ဖိလစ်ပိုင်သမ္မတအဖြစ် ရွေးကောက်ခံခဲ့ရတဲ့ ရိုဒီရီဂို ဒူတာတီက သေဒဏ်ပေးမှုကို ပြန်လည် ကျင့်သုံးမည်ဖြစ်ပြီး လုံခြုံရေး တပ်ဖွဲ့ဝင်တွေကိုလည်း လိုအပ်ပါက အသေပစ်သတ်ခွင့် ပေးသွားမယ်လို့ ဆိုပါတယ်။ ဖိလစ်ပိုင် သမ္မတသစ်အဖြစ် ရွေးကောက်ခံရသူ ဒူတာတီရဲ့ သဘောထားတင်းမာတဲ့ မူဝါဒတွေအပေါ် အငြင်းပွာမှုတွေလည်း ရှိနေပါတယ်။

Read more

အီရတ်ဓာတ်ငွေ့စက်ရုံ အိုင်အက်စ်အသေခံဗုံးခွဲသမား ဖောက်ခွဲ၍ လူ ၁၁ ဦး သေဆုံး

_89695724_89695721

ဘဂ္ဂဒက်၊ မေ ၁၅

အီရတ်နိုင်ငံ မြို့တော်ဘဂ္ဂဒက်အနီးရှိ ဓာတ်ငွေ့စက်ရုံ တစ်ခုအား အိုင်အက်စ်အသေခံဗုံးခွဲသမားတစ်ဦး ဗုံးဖောက်ခွဲ၍ လူ ၁၁ ဦးသေဆုံးကြောင်း အီရတ် တာဝန်ရှိသူများက ပြောသည်။

မြို့တော်ဘဂ္ဂဒက်မှ ၁၂ မိုင်အကွာ တာဂျီမြို့ရှိ ယင်းစက်ရုံ အဝင်ပေါက်တွင် မေ ၁၅ ရက် အစောပိုင်းက ကားဗုံး ဖောက်ခွဲခြင်းဖြစ်သည်။

Read more

တီဘီကိုကုဖို့ အချိန်တိုထိရောက်တဲ့ နည်းကို တွေ့ထားပြီ ဖြစ်ကြောင်း WHO ကြေညာ

vaccine

တီဘီရောဂါနဲ့ပက်သက်ပြီး ပိုမိုမြန်မြန်ဆန်ဆန်နဲ့ ကုသနိုင်မယ့်နည်းလမ်းကိုတွေ့ရှိထားတယ်လို့ WHO က ကြေညာလိုက်ပါတယ်။

တီဘီရောဂါကို ကုသတဲ့အခါမှာ စားဆေးတွေ၊ ထိုးဆေးတွေနဲ့ လပေါင်းများစွာကြာအောင် ကုသရတာဖြစ်ပြီး ဒီလိုကြာမြင့်စွာ ကုသမှုတွေကို မလုပ်ချင်ရာက လူနာတွေဟာ သေဆုံးနေရတာ ဖြစ်ပါတယ်။

အခုတွေ့ရှိခဲ့တဲ့နည်းဟာ ကုသချိန်ကို တိုတောင်းသွားစေမယ့်အပြင် ယခင်ထက်လည်း ကုသစရိတ်သက်သာမှာ ဖြစ်တယ်လို့ သိရပါတယ်။

Read more

ဂျီ-၇ ပတ်ဝန်းကျင်ရေးရာဝန်ကြီးများ ဂျပန်၌ တွေ့ဆုံ

13217085_1707443602829474_3102692115530807542_o

တိုကျို မေ ၁၅

ဂျီ-၇ အဖွဲ့ဝင်နိုင်ငံများမှ ပတ်ဝန်းကျင် ရေးရာဝန်ကြီးများသည် ဂျပန်သို့ရောက် ရှိကာ နှစ်ရက်ကြာ အစည်းအဝေးကို ကျင်းပကြသည်။ ရာသီဥတုပြောင်းလဲမှု ဆိုင်ရာနှင့် သယံဇာတ အရင်းအမြစ်များ ပြန်လည်သုံးစွဲရေးဆိုင်ရာ အစီအစဉ် များကို ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။

Read more

အင်္ဂပူမြို့နယ်၊ ကြပ်ပြင်သာသနာ့နယ်မြေ၊ ပျူခေတ်ဂဝံမြို့ဟောင်းဒေသ၌ တည်ထားကိုးကွယ်အပ်သော ဖောင်တော်ဦးစေတီတော် ဌာပနာသွင်း ရွှေထီးတော်၊ စိန်ဖူးတော် အထွက်တင်ပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေကမင်္ဂလာ ပူဇော်ပွဲအခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး တက်ရောက်ပူဇော်

image-3ee748f0888e57a0503dc10bcfea2b63594edf2b6b59ed2200ad51ae71cdcfb4-V

ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့၊ ကြပ်ပြင်သာသနာ့နယ်မြေ၊ ပျူခေတ်ဂဝံမြို့ဟောင်းဒေသ၌ တည်ထားကိုးကွယ်အပ်သော ဖောင်တော်ဦးစေတီတော် ရွှေထီးတော် စိန်ဖူးတော်အထွက်တင် ပူဇော်ပွဲ နှင့် ဗုဒ္ဓါဘိသေကမင်္ဂလာအခမ်းအနားကို မေလ (၉) ရက်နေ့၊ နံနက် (၉) နာရီအချိန်တွင် အဆိုပါ စေတီတော်၌ပြုလုပ်ရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးနှင့် ဇနီး မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် နာယက ဒေါ်နီနီဝင်း၊ ဟင်္သာတခရိုင် အုပ်ချုပ်ရေးမှူး ဦးစန်းဌေး၊ ဟင်္သာတခရိုင် ပြည်ခိုင်ဖြိုးပါတီ အလုပ်အမှုဆောင်များ၊ ဟင်္သာတနှင့် အင်္ဂပူမြို့နယ်မှ ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူးများနှင့် အလုပ်အမှုဆောင်များ၊ အင်္ဂပူမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိ သူများ၊ ရပ်မိရပ်ဖများ၊ ရပ်/ကျေးစည်းရုံးရေးမှူးများ၊ ဂေါပကအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ပြည်ခိုင်ဖြိုးပါတီဝင်များ တက်ရောက်ကြသည်။

Read more

ပြည်ခိုင်ဖြိုးပါတီဒုတိယဥက္ကဋ္ဌ ဦးဌေးဦး စစ်ကုန်းကျေးရွာ မူလတန်းကျောင်းဆောင်သစ် ဆောက်လုပ် နေမှု သွားရောက်ကြည့်ရှု

image-b188f332f74629ab72f4a774350d2b57b6c690e4f18321d064d3cce61dcd4eb1-V

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးသည် မေလ (၇)ရက်နေ့ နံနက် (၁ဝ)နာရီအချိန်တွင် ဟင်္သာတခရိုင် ပြည်ခိုင်ဖြိုးပါတီ အလုပ် အမှုဆောင်များ၊ ဟင်္သာတမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်များ လိုက်ပါလျှက် ဟင်္သာတမြို့နယ်၊ စစ်ကုန်း ကျေးရွာ၊ အခြေခံပညာ မူလတန်းကျောင်းသို့ ရောက်ရှိပြီး ကျောင်းအကျိုးတော်ဆောင်များ၊ ရပ်မိရပ်ဖ များနှင့် တွေ့ဆုံသည်။

image-a960cc9470520c5eba131f48e46bc91e8a0567a679b9b58b3f4136fef0a4fe01-V

Read more

တပ်မတော်သားများနှင့် ပြည်ခိုင်ဖြိုးပါတီ ရွာအဝင်လမ်းခင်းလုပ်အားပေး

13139120_1682836975301843_4759895563404762793_n

ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်ရှိ ဝက်ထိုးရွာအဝင်လမ်းကို မိုးတွင်းကာလရောက်ရှိ လာပါက သွားလာဆက်သွယ်ရေး လွယ်ကူစေရန် ပြုပြင် ချဲ့ထွင်ခြင်းလုပ်ငန်းကို မေလ (၁၁) ရက် နေ့က ကျေးရွာသူ ကျေးရွာသားများက ဆောင်ရွက်လျက်ရှိသည်။ 

အဆိုပါဆောင်ရွက်နေခြင်းကို အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ အရာရှိ၊ အရာခံ၊ အကြပ်စစ်သည် များနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များက လုပ်အားပေးဆောင်ရွက်ပေးခဲ့ရာ ကန်ကြီးထောင့်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောမူနှင့် နတခမှ အရာရှိများက သွားရောက် အားပေးကြကာ နေ့လယ်စာ၊ အချိုရည်များနှင့်မုန့်များ ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။

Read more

ပြည်နယ်ပါတီကော်မတီဝင်နှင့်အဖွဲ့ တာချီလိတ်မြို့ ၀န်ထမ်းကုန်းဆရာတော်ဈာပနသို့ သွားရောက် ဖူးမျှော်

Tac3

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်နယ်ပါတီကော်မတီဝင် ဒေါ်တင်မေထွန်း၊ တာချီလိတ်မြို့နယ်(နာယက) များဖြစ်ကြသည့် ဦးအားဇီး၊ ဦးကျော်သီဟ၊ ဦးမြင့်ဦး၊ ဦးဘိုလေး၊ ခရိုင်ပါတီအတွင်းရေးမှူး ဦးဘိုစံ၊ မြို့နယ်ပါတီအတွင်းရေးမှူး ဦးစိုင်းရွှေထွန်းနှင့် မြို့နယ် ပါတီကော်မတီဝင်များ၊ စည်းရုံးရေးမှူးများ၊ ပါတီလူငယ်အဖွဲ့၊ ပါတီအမျိုးသမီးအဖွဲ့ အင်အား (၃၀) ဦးတို့သည် မေလ (၁၀) ရက်နေ့က တာချီလိတ်မြို့ တောင်တန်းသာသနာပြု (ဗဟို)ကျောင်းတိုက် ခေါင်းဆောင်ဆရာတော် ဘုရားကြီး ဘဒ္ဒန္တရေ၀တ (ဓမ္မစရိယ၊ အဘိဓဇ အဂ္ဂမဟာ သဒ္ဒမ္မဇောတိက အဂ္ဂမဟာပဏ္ဍိတ) သက်တော်(၈၅)နှစ်၊ သိက္ခာတော်(၆၅)၀ါ၏ ဘ၀နတ်ထံပျံလွန်သည့် တောင်တန်း သာသနာပြု ၀န်ထမ်းကုန်းကျောင်းသို့ လွမ်းသူ့ပန်းခွေများနှင့်  သွားရောက်ဖူးမျှော်၍ တစ်ဦးခြင်း အလှူငွေများ ထည့်ဝင်လှူဒါန်းခဲ့ကြောင်း သိရသည်။

Read more

သောက်သုံးရေရှားပါးသောကျေးရွာများသို့ မုဒုံပြည်ခိုင်ဖြိုးပါတီမှ သောက်သုံးရေလှူဒါန်း

နွေရာသီကာလ ကျေးလက်ဒေသများတွင် သောက်သုံးရေများ အခက်အခဲဖြစ်ရာ မုဒုံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် မေတ္တာကာရီ နာရေး ကူညီအသင်းတို့ ပူးပေါင်း၍ နေ့စဉ်၊ နေ့တိုင်း ကျေးရွာများသို့ အလှည့်ကျ သောက်သုံးရေများ ပေးဝေလှူဒါန်းလျှက်ရှိရာ ယနေ့ ( မေလ ၁၃ရက်နေ့)  နံနက် (၈) နာရီချိန်မှ စတင်ကာ မုဒုံမြိုနယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ပြည်နယ်ပါတီကော်မတီဝင်၊ မုဒုံ(တာဝန်ခံ)ဦးဇော်မြင့်၊ ကျေးရွာ ပါတီကော်မတီဝင်များမှ ကတုံးပေါ်ကျေးရွာ ပြည်သူများအား သောက်သုံးရေများ ပေးဝေနေကြောင်း သိရှိရသည်။

Read more