စင်ကာပူ၌ ဇီကာဗိုင်းရပ်စ်ကူးစက်ခံရသူ ၄၁ ဦး ရှိပြီဖြစ်ကြောင်း အတည်ပြု

14199756_1748208608752973_662199277013844940_n

စင်ကာပူ သြဂုတ် ၂၉

စင်ကာပူနိုင်ငံတွင် ဒေသတွင်းဇီကာဗိုင်းရပ်စ် ကူးစက်ခံရသူ ၄၁ ဦး ရှိသွားပြီဖြစ်ကြောင်း သိရသည်။ ကူးစက်ခံရသူ အများစုသည် နိုင်ငံခြားမှ ဆောက်လုပ်ရေး လုပ်သားများဖြစ်ကြပြီး နိုင်ငံ အတွင်းရှိ တူညီသောဒေသတစ်ခုတည်း၌ အလုပ်လုပ်ကိုင် နေထိုင်သူများဖြစ်ကြကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

Read more

ပြည်ခိုင်ဖြိုးပါတီ ဗဟိုဦးဆောင်ကော်မတီဝင် ဦးဌေးဦး ဟင်္သာတမြို့နယ်တွင်းရှိ ရပ်/ကျေးကော်မတီဝင်များနှင့် တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုဦးဆောင်ကော်မတီ နာယကအဖွဲ့ဝင် ဦးဌေးဦးသည် သြဂုတ်လ (၂၇) ရက်နေ့ မွန်းလွဲ(၂)နာရီအချိန်တွင်၊ ဟင်္သာတမြို့နယ်အတွင်းရှိ ပြည်ခိုင်ဖြိုးပါတီ ရပ်/ကျေး ကော်မတီဝင်များနှင့် တွေ့ဆုံ၍ ပါတီမှဆောင်ရွက်ခဲ့သော နိုင်ငံတော်ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။

14067615_327523047580974_1438377746470770302_n 14079833_327522834247662_728256754629319656_n

Read more

ဒေသအကျိုး ၀ိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေး

သြဂုတ်လ (၂၈) ရက် နံနက် (၈) နာရီအချိန် မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်၊ ကမ္မမြို့ အမှတ်(၂) လက်ပြရပ်ကွက်တွင် ရေနံပိုက်လိုင်းမှ ရေနံယိုစိမ့်မှုတခုဖြစ်ပွားခဲ့ပါသည်။

Shwe Nwe Yo3

(more…)


Read more

ကြံခင်းမြို့နယ်ပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ လူထု ဗဟိုပြုစီမံကိန်း တံတားအမိုး-လမ်းဖွင့်ပွဲ တက်ရောက်

14117769_289475674758944_8649720520889499799_n

ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ် ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ မြို့နယ်ပါတီဥက္ကဌ ဦးမျိုးမင်းထွဋ် နှင့် မြို့နယ်ပါတီကော်မတီဝင်များ အဖွဲ့သည် (၂၈.၈.၂၀၁၆) ရက်နေ့ မွန်းတည့် (၁၂) နာရီအချိန်တွင် ကြံခင်း မြို့နယ် ပေါက်နွယ်စမ်းအုပ်စု သရက်တောကျေးရွာတွင် ကျင်းပသော ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြုစီမံကိန်း တံတားအမိုး-လမ်းဖွင့်ပွဲနှင့် လူထုစစ်ဆေးပွဲအခမ်းအနားသို့ တက်ရောက်၍ အမှာစကား ပြောကြားကာ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး ပြည်သူလူထု လိုအပ်ချက်များ ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရန် ဒေသခံများနှင့် ရင်းနှီးစွာ သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။

Read more

ပျော်ဘွယ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဘုရားထီးတော် လှည့်လည်အပူဇော်ခံရာတွင် ပါဝင်ကူညီ

မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ် ပင်မြိုင်ကျေးရွာ ရွှေပင်မြိုင်တောရ ကျောင်းအတွင်း ရှေးဟောင်း တ- တိုင်းပြည့်စေတီ၏ ထီးတော်သည် ဧပြီလအတွင်း လေပြင်းတိုက်ခတ် သဖြင့် မြေခပျက်စီးခဲ့ရာ အဆိုပါ ထီးတော်အသစ် ပြန်လည်တင်လှူ ရန် ကျောင်းတိုက်ပဓာနနာယက မေတ္တာရှင် သင်္ချိုင်းရာကျော်ဆရာ တော် အရှင်နန္ဒဝံသအမှူးပြု၍ ယမန်နေ့ နံနက်ပိုင်းတွင် မြို့တွင်းသို့လှည့်လည်အပူဇော်ခံပြီး ပင်မြိုင်ကျေးရွာသို့ ပင့်ဆောင်သည်။

14100519_640625716106943_6912887280386540562_n

(more…)


Read more

လှိုင်သာယာမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ရေဘေးသင့်ပြည်သူများအတွက် ဆန်နှင့် အ၀တ်အထည်များ သွားရောက်လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင် လှိုင်သာယာမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးဥာဏ်ဝင်း ဦးဆောင်သည့် မြို့နယ်ပါတီ ကော်မတီဝင်များနှင့် ရပ်ကျေးပါတီဥက္ကဋ္ဌများနှင့် ပါတီကော်မတီဝင်များ စုပေါင်းမှုဖြင့် (၂၈.၈.၂၀၁၆) နေ့တွင် ထန်းတပင်မြို့နယ်နှင့် ညောင်တုန်း မြို့နယ်ရှိ ရေဘေးသင့် ပြည်သူများအတွက် ဆန်နှင့် အ၀တ်အထည်များ သွားရောက်လှူဒါန်းနိုင်ခဲ့ကြောင်း သိရသည်။

#Yangon Thar

Read more

ငလျင်ဒဏ်ကြောင့် ပျက်စီးပြိုကျခဲ့သော ပုဂံဘုရားစေတီများ ပြန်လည် ပြုပြင် တည်ဆောက်ရာတွင် ပြည်ခိုင်ဖြိုးပါတီမှ ပါဝင်ကူညီဆောင်ရွက်ပေးမည်

ယခုလ ၂၄ ရက် ညနေ ၅ နာရီ ၄ မိနစ်က ချောက်မြို့ အနောက်ဘက် ၁၂ မိုင်အကွာကို ဗဟိုပြု၍ ရစ်ခ်ျတာစကေး အင်အား ၆ ဒသမ ၈ အဆင့် အင်အားပြင်းငလျင် လှုပ်ခတ်မှုဒဏ်ကြောင့် ညောင်ဦးမြို့အတွင်း ပျက်စီးပြို ကျခဲ့ရသော ပုဂံဘုရားစေတီများအား ပြန်လည်ပြုပြင်တည်ဆောက်ရာတွင် မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေဖြင့် တတ်နိုင်သည့်ဘက်မှ ပါဝင်ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ပြည်ခိုင်ဖြိုး ပါတီ ဗဟိုအတိုင်ပင်ခံ၊ မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီနာယက ဦးရဲမြင့်က သြဂုတ် (၂၆) ရက် နံနက် ၇ နာရီက ပြောကြားခဲ့သည်။

Read more

ကြက်မောက်သီး အစွမ်း

rambuta

၁။ သွေးချို၊ ကင်ဆာ၊ ကျောက်ကပ်၊ အဆုတ် တို့ ဆက်စပ် ရောဂါ၊ သွေးပေါင် ချိန်တက်ခြင်းတို့ကို ကုသပေးနိုင်တဲ့ အသီး တစ်မျိုး ဖြစ်ပါတယ်။

၂။ ကြက်မောက်သီးဟာ ဗီတာမင် စီ ဓာတ် ကြွယ်ဝတဲ့အတွက် သံဓာတ်၊ ကော့ပါးဓာတ် ဆုပ်ယူနိုင်မှု အားကောင်းတဲ့အတွက် သံဓာတ်ဖြည့် အသီးတစ်မျိုးလည်း ဖြစ်ပါတယ်။

Read more

ဝမ်းတွင်းအမြှေးပါးရောင်ခြင်းနှင့် ပတ်သက်၍ သိထားသင့်သော အချက်များ

open-uri20140407-8015-3h0epv

ဝမ်းဗိုက်အတွင်းပိုင်းနံရံတစ်ဝိုက်စိုစွတ်သော တစ်သျှူးသို့ ဗက်တီးရီးယားများကဲ့သို့ ရောဂါပိုးဝင်ပါက ယင်း ၀မ်းတွင်းအမြှေး ရောင်ရမ်းမှုဖြစ်ပေါ်လာပြီး အခြေအနေ ပြင်းထန်ပါက အသက်အန္တရာယ်ရှိနိုင်သည်။ ၀မ်းဗိုက် ပိုင်းရုတ်တရက်ပြင်းထန်စွာ နာကျင်လာပါက ၀မ်းတွင်းအမြှေးရောင်ရမ်းခြင်းဖြစ်ဖွယ်ရှိသဖြင့် ဆရာဝန်နှင့် ချက်ချင်းပြသရန် လိုသည်။

ဝမ်းတွင်းအမြှေးရောင်ပါက ကိုယ်အပူချိန် ၁၀၀ ဒသမ ၄ ကျော်ပြီး အဖျားတက်ခြင်း၊ မူးမော်အော့အန်ခြင်း၊ ၀မ်းလျှောခြင်း၊ အစာစား ချင်စိတ်မရှိခြင်း၊ ဆီးများများ မသွားခြင်း၊ နှလုံးခုန်နှုန်းမြန်ဆန်ခြင်း နှင့် ၀မ်း (သို့မဟုတ်) လေမလည်နိုင်၊ မသွားနိုင်ဖြစ်ခြင်းစသည့် လက္ခဏာများ ဖြစ်ပေါ်နိုင်သည်။

Read more

စတင်မိတ်ဆက်ပြီး နှစ်ပတ်အတွင်း OPPO F1s စမတ်ဖုန်းက သုံးစွဲသူ စိတ်ဝင်စားမှု အမြင့်ဆုံးဖုန်းအဖြစ် ရပ်တည်

14141980_10207245429275126_3357366671185810507_n

သြဂုတ်လ ၁၇ ရက်မှ ၂၅ ရက်ထိ ကြိုတင်မှာယူစနစ်ဖြင့် ရောင်းချ ခဲ့သည့် OPPO F1s စမတ်ဖုန်းသည် စတင်မိတ်ဆက်ပြီး နှစ်ပတ်အတွင်း ဖုန်းကြို တင်မှာယူနှုန်းမှာ အမှာရယူနိုင်သည့် ဆိုင်အားလုံးေ ရာင်းအား၏ ၃၀ ရာခိုင်နှုန်းအထိ ရှိနေပြီး သုံးစွဲသူများ စိတ်ဝင်စားမှု အမြင့်ဆုံးဖုန်းတစ်လုံးအဖြစ် ရပ်တည်လျက်ရှိကြောင်း OPPO Myanmar Sales Team ၏ ထုတ် ဖော်ပြောဆိုချက်များအရသိရသည်။

Read more