ပျဉ်းမနားမြို့နယ်ကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းစည်းဝေး

 

ပျဉ်းမနားမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မြို့နယ်ကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲအား ယနေ့ (၂၃-၁၂-၂၀၁၆)ရက်နေ့ နံနက် (၉)နာရီမှ (၁၁)နာရီအထိ မြို့နယ်ပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။

အခမ်းအနားသို့ ပြည်ထောင်စုနယ်မြေ ကော်မတီဝင် ဦးဝင်းမြင့်l ခရိုင် ကော်မတီဝင် ဒေါ်ဖြူဖြူကျော်l မြို့နယ်ပါတီဥက္ကဌ ဒေါ်ဝင်းဝင်းသီနှင့် မြို့နယ်ကော်မတီဝင်များ စုံလင်စွာ တက်ရောက်ခဲ့ကြပါသည်။

အစီအစဉ်အရ ပထမဦးစွာ ပြည်ထောင်စု နယ်မြေကော်မတီဝင် ပျဉ်းမနားမြို့နယ် တာဝန်ခံ ဦးဝင်းမြင့်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ခရိုင်ကော်မတီဝင် ပျဉ်းမနားမြို့နယ် တာဝန်ခံ ဒေါ်ဖြူဖြူကျော်မှ ပါတီ၏လုပ်ငန်းစဉ်များ ချပြ ဆွေးနွေးခဲ့ပါသည်။

မြို့နယ်ပါတီဥက္ကဌ ဒေါ်ဝင်းဝင်းသီမှ ပါတီစည်းရုံးရေးဆိုင်ရာ လုပ်ငန်း ကိစ္စရပ်များနှင့် လတ်တလောကျင်းပရန်ရှိသည့် ပြည်ထောင်စုနယ်မြေ ပါတီဥက္ကဋ္ဌဒိုင်း လူငယ်ဘော်လုံးပြိုင်ပွဲကို အားကစား စိတ်ဓာတ်အပြည့်အဝဖြင့် အနိုင်ရရှိအောင် ဝင်ရောက်ယှဉ်ပြိုင်သွားစေလိုကြောင်း လမ်းညွှန်ဆွေးနွေး ခဲ့ပြီးနောက် မြို့နယ် ကော်မတီဝင်များမှလည်း သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီး ဆွေးနွေးခဲ့ကြပါသည်။

ပသဆတာဝန်ခံ