CDMA ဖုန်းအသုံးပြုသူများ CDMA ငွေဖြည့်ကတ်အစား GSM ငွေဖြည့်ကတ်များကို အစားထိုးဖြည့်သွင်းရတော့မည်

CDMA ဖုန်း အသုံးပြုသူများအနေဖြင့် ဖုန်းငွေဖြည့်သွင်းရာတွင် CDMA ငွေဖြည့်ကတ်အစား GSM ငွေဖြည့်ကတ် များကိုအစားထိုးဖြည့်သွင်းရ တော့မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT)မှ သိရသည်။

ယခုအခါ အဆိုပါဝန်ဆောင်မှုကို ဆောင်ရွက်နိုင်ရန်အတွက် နည်းပညာပိုင်းဆိုင်ရာ အဆင့်မြှင့်တင်ခြင်းကို စတင် ဆောင်ရွက်နေပြီဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT)မှ သိရသည်။

ယင်းနှင့်ပတ်သက်ပြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) မှ တာဝန်ရှိသူတစ်ဦးက “”CDMA ငွေဖြည့်ကတ် အစား GSM ငွေဖြည့်ကတ်တွေကို ဖြည့်သွင်းအသုံးပြုနိုင်ဖို့ ဆောင်ရွက်နေပါတယ်။ အစားထိုးဖြည့်သွင်းမှု စတင် နိုင်မယ့်ရက်ကို ပြန်ကြေညာပေးပါ့မယ်။ အခုက နည်းပညာပိုင်းဆိုင်ရာ အဆင့်မြှင့်တင်ခြင်းကို ဆောင်ရွက် နေပါတယ်”” ဟု ဒီဇင်ဘာ၁၃ရက်က ပြောသည်။

ယင်းအပြင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) အနေဖြင့် CDMA ငွေဖြည့်ကတ်များကို နောက်ပိုင်းတွင် သီးခြား ထပ်မံထုတ်လုပ်တော့မည် မဟုတ်ကြောင်း၊ CDMA ငွေဖြည့်ကတ်အစား GSM ငွေဖြည့်ကတ်များကိုသာ အစားထိုး အသုံးပြုရ မည်ဖြစ်ကြောင်း သိရသည်။

၎င်းက ” CDMA  ငွေဖြည့်ကတ်တွေကို နောက်ပိုင်း သီးခြားမထုတ်တော့ဘူး။ GSM ငွေဖြည့်ကတ်တွေနဲ့ပဲ ငွေ ဖြည့်သွင်းရမှာပါ။ market မှာ ရောက်ရှိနေတဲ့ CDMA ငွေဖြည့်ကတ်တွေတော့ အသုံးပြုခွင့်ပေး သွားမှာပါ” ဟုပြောသည်။

CDMA ဆင်းကတ်များကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) မှ CDMA 800MHZ အဖြစ် ၀၉-၇၃ ဖြင့် စသောနံပါတ်များ၊ CDMA 450MHZ အဖြစ် ၀၉-၄၉ ဖြင့်စသော နံပါတ်များဖြင့် ဈေးကွက်တွင် ရောင်းချပေးလျက်
ရှိကြောင်း သိရသည်။

#Democracytoday


Leave a Reply