၂၀၁၆ ခုနှစ်၏ download ပြုလုပ်မှုအများဆုံး app စာရင်းကို Apple ထုတ်ပြန်
Apple သည် ၂၀၁၆ ခုနှစ်၏ download ပြုလုပ်မှုအများဆုံး app စာရင်းကို ထုတ်ပြန်ခဲ့သည်။အဆိုပါစာရင်းတွင် Snapchat က Facebook, Instagram နှင့် Pokemon Go တို့ကို ကျော်ဖြတ်ကာ ထိပ်ဆုံးမှ ဦးဆောင်ခဲ့သည်။
App Store အဆင့်သတ်မှတ်ချက်တွင် ကြယ်သုံးပွင့်သာရှိသော Messenger က ဒုတိယနေရာ၌ ရပ်တည်ခဲ့ပြီး နွေရာသီတွင် download ပြုလုပ်မှုအများဆုံးဖြစ်ခဲ့သော Pokemon Go က တတိယနေရာသို့ ရောက်ရှိသွား ခဲ့သည်။
Snapchat သည် ပြီးခဲ့သည့်နှစ်က အဆင့် ၅ နေရာတွင်သာ ရပ်တည်ခဲ့ပြီး ၂၀၁၅ ခုနှစ်၏ နံပါတ် ၁ ဖြစ်ခဲ့သော Trivia Crack မှာ ယခုနှစ်တွင် ထိပ်တန်း ၁၀ ခုစာရင်းတွင်ပင် မပါဝင်ခဲ့ပေ။ Apple မှ ထုတ်ပြန်ခဲ့သော စာရင်း အပြည့်အစုံက အောက်ပါအတိုင်းဖြစ်သည်-
- Snapchat
- Messenger
- Pokémon GO
- YouTube
- Google Maps
- Pandora
- Netflix
- Spotify Music
ထို့အပြင် Apple က တစ်နှစ်တာအကောင်းဆုံး app များကိုလည်း ကြေညာခဲ့သည်။ တစ်နှစ်တာ အကောင်းဆုံး iPhone app အဖြစ် Photo app Prisma ကလည်းကောင်း၊ အကောင်းဆုံး iPhone ဂိမ်းအတွက် Clash Royale ကလည်းကောင်း အသီးသီးရွေးချယ်ခံရသည်။
Ref: Mashable