မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီရုံးတွင် စာပေဟောပြောပွဲကျင်းပ
မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှစီစဉ်မှုဖြင့် စာရေးဆရာကြီးများကြသည့် တက္ကသိုလ်မြတ်သူ နှင့် မောင်စေတနာတို့၏ စာပေဟောပြောပွဲကို တိုင်းဒေသကြီး ပါတီရုံးခန်းမ၌ နိုဝင်ဘာ (၁၀) ရက် မွန်းလွဲ ၁ နာရီက ကျင်းပခဲ့သည်။
တိုင်းဒေသကြီးပါတီမှ ယခုကဲ့သို့ စာပေဟောပြောပွဲကျင်းပရသည့် ရည်ရွယ်ချက်မှာ ပါတီဝင်များနှင့် ပြည်သူ လူထုတို့အတွက် စာပေဟောပြောမည့် စာရေးဆရာကြီးများ အတွေ့အကြုံ များကို နောင်လာမည့်မျိုးဆက်များကို လက်ဆင့်ကမ်းမျှဝေနိုင်ရန်နှင့် စာပေအသိပညာမြင့်မားလာရန်တို့ဖြစ်ကြောင်း သိရသည်။
စာပေဟောပြောပွဲတွင် စာရေးဆရာကြီး တက္ကသိုလ်မြတ်သူ၏ ကိုယ်ရေးရာဇဝင်အကျဉ်းကို တိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးမျိုးမြင့်က ဖတ်ကြားပြီးနောက် စာရေးဆရာကြီး တက္ကသိုလ်မြတ်သူက စာပေဟောပြောပွဲသို့ တက်ရောက်လာသူများအား ၎င်း၏စာပေခရီးလမ်းတစ်လျှောက် အတွေ့အကြုံများ၊ အသိပညာများအား ဟော ပြောခဲ့သည်။
ထို့နောက် စာရေးဆရာကြီး မောင်စေတနာ၏ ကိုယ်ရေးအကျဉ်းအား တိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးမြတ်သူ က ဖတ်ကြားခဲ့ပြီး စာရေးဆရာကြီး မောင်စေတနာက ၎င်းဖြတ်သန်းခဲ့သော စာပေအတွေ့အကြုံများနှင့် အသိပညာများအား ဟောပြောခဲ့သည်။
စာပေဟောပြောပွဲသို့ ပြည်ခိုင်ဖြိုးပါတီဗဟိုအတိုင်ပင်ခံ ဦးရဲမြင့်၊ မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်းမောင်နှင့် တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊ ဖိတ်ကြားထားသော နိုင်ငံရေးပါတီအသီးသီးမှ တာဝန်ရှိသူ များ၊ ပြည်ခိုင်ဖြိုးပါတီခရိုင်နှင့် မြို့နယ်တို့မှ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် ကော်မတီဝင်များ၊ ပြည်ခိုင်ဖြိုး ပါတီဝင်များ၊ စာပေချစ်သူပြည်သူများ အပါအဝင် စုစုပေါင်း အင်အား ၃၇ဝ ကျော်ခန့် တက်ရောက်ခဲ့ကြသည်။
သုတ