မြန်အောင်ပြည်ခိုင်ဖြိုးပါတီ တိုက်နယ်အလိုက် စည်းဝေးပွဲများကျင်းပ

ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် အောက်တိုဘာ လအတွင်း မြို့နယ်အတွင်းရှိ တိုက်နယ်များသို့ ပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ သွားရောက်ကာ စည်းဝေးပွဲများ ကျင်းပလျက်ရှိသည်။

myan-aung

ယခုလ ၁၂ ရက်က မြို့နယ်ပြည်ခိုင်ဖြိုးရုံးတွင် မြို့နယ်ပါတီကော်မတီဝင်များ အစည်းအဝေးကို ကျင်းပခဲ့ပြီး ပါတီလုပ်ငန်းများကို ဆွေးနွေးခဲ့ကြသည်။

ယခုလ ၁၇ ရက်ကလည်း တိုက်နယ်ခုနစ်ခုတွင် ဘုရား၊ ကျောင်းနှင့် လမ်းများ၌ တိုက်နယ်တာဝန်ခံများက ဦးဆောင်ကာ လုပ်အားပေးခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။ ယခုလ ၁၈ ရက် တွင် မြို့မတိုက်နယ် ရပ်/ကျေး ၁၄ခုမှ စည်းမှူး၊ လူငယ်နှင့် တောင်သူလယ်သမားတာဝန်ခံများနှင့် တွေ့ဆုံကာ အပြန်အလှန် ဆွေးနွေးခြင်း၊ ယမန်နေ့က အင်ပင်တိုက်နယ်အတွင်းရှိ ကျေးရွာအုပ်စုခုနစ်ခုမှ ရပ်မိရပ်ဖများ၊ ရပ်/ကျေးစည်းမှူးနှင့် အဖွဲ့ဝင်များ နှင့်တွေ့ဆုံကာ ဗဟိုပါတီဥက္ကဋ္ဌကြီး၏ လမ်းညွှန်ချက်များ၊ အမှာစကားများကို ရှင်းလင်းတင်ပြ ဆွေနွေးခဲ့ကြ ကြောင်း သိရသည်။

နေဝင်းဇော်(မြန်အောင်)


 


Leave a Reply