လွှတ်တော်နှစ်ရပ်သဘောကွဲလွဲသည့်ရပ်ကျေးဥပဒေကြမ်း ပြည်ထောင်စုလွှတ်တော်တွင် အဆုံးအဖြတ်ခံယူမည်

13081804_1136480829709399_320826700_n

လွှတ်တော်နှစ် ရပ်သဘောကွဲလွဲသည့် ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စုအုပ် ချုပ်ရေးမှူးဥပဒေ တတိယ အကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းကိုပြည်ထောင်စု လွှတ်တော်တွင် အဆုံးအဖြတ်ခံယူမည်ဖြစ်သည်။ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က အောက်တိုဘာ ၆ ရက် ကျင်းပသည့် လွှတ်တော်တွင် အဆို တင်ခဲ့ပြီး လွှတ်တော်ဥက္ကဋ္ဌက ပြည် ထောင်စုလွှတ်တော်သို့ တင်ပြရန် ဆုံးဖြတ်ခဲ့သည်။

‘‘အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်ကြားမှာ ကွဲလွဲချက် ၁၀ ခုရှိတယ်’’ဟု ဦးအောင် ကြည်ညွန့်က ပြောသည်။ ကွဲလွဲချက်များတွင် နာမည်ကြီးဧည့်စာရင်း ပုဒ်မ နှင့် အုပ်ချုပ်ရေးမှူး၏ ပညာအရည်အချင်းသတ်မှတ် ချက်တို့ ပါဝင်သည်။ ရပ်ကွက် (သို့မဟုတ်) ကျေး ရွာအုပ်စုအတွင်း တစ်လနှင့်အ ထက်ကျော်လွန်၍ လာရောက် တည်းခိုနေထိုင်သူများရှိပါက လူမှုအထောက်အကူပြုနိုင်ရန် သတ်မှတ်နည်းလမ်းများနှင့်အညီ အသိပေး အကြောင်းကြားရမည်ဆို သောအချက်ကို ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့သော ဥပဒေကြမ်းတွင် ထည့်သွင်း ထားသည်။

ယင်းပုဒ်မကို  ရပ်ကွက် (သို့ မဟုတ်) ကျေးရွာအုပ်စုအတွင်း တစ်လနှင့်အထက် ကျော်လွန်၍ လာရောက်တည်းခို နေထိုင်သူများရှိပါက မှတ်တမ်းထားရှိနိုင်ရန် သတ်မှတ်နည်းလမ်း များနှင့်အညီ သက်ဆိုင်ရာတာဝန်ရှိသူထံ အသိပေးအကြောင်းကြားရမည်ဆိုသော စကားရပ်ဖြင့် ပြင်ဆင်ဖြည့်စွက်သင့်ကြောင်း အမျိုး သားလွှတ်တော်က အတည်ပြုခဲ့သည်။

သို့သော် တပ်မတော်သား ကိုယ်စားလှယ်များက ‘‘တစ်လနှင့်အထက် ကျော်လွန်၍’’ဟူသော အချိန်ကန့်သတ်ချက် ကို ထည့်သွင်းခြင်းမပြုလိုသဖြင့် အမျိုးသား လွှတ်တော်တွင် မဲခွဲခဲ့ရာ တပ်မတော်သားကိုယ်စားလှယ်များ ဘက်က ရှုံးနိမ့်ခဲ့သည်။ ထို့ပြင် အုပ်ချုပ်ရေးမှူး၏ ပညာအရည်အချင်း သတ်မှတ်ချက်တွင် ပြည်သူ့ လွှတ်တော်က ‘‘သင့်တင့် သော ပညာအရည်အချင်း ရှိသူဖြစ်ခြင်း’’ကို ထည့်သွင်း အတည်ပြုထားပြီး အမျိုးသားလွှတ်တော်က အဆိုပါ စကားရပ်ကို ပယ်ဖျက်လိုခြင်း ဖြစ်သည်။ သို့ဖြစ်ရာ အဆိုပါပုဒ်မများအပါ အ၀င် ကွဲလွဲချက်အချို့ကို ပြည်ထောင်စု လွှတ်တော်တွင် အဆုံးအဖြတ်ခံယူရမည် ဖြစ်သည်။

‘‘အန်ကယ်တို့က ဘာကြောင့် ပယ်ဖျက်ချင်ရသလဲဆိုတော့ လွှတ်တော်ကိုယ်စားလှယ်ရွေးတဲ့ အခါမှာတောင် ပညာအရည်အ ချင်းသတ်မှတ်မထားဘူး’’ဟု အမျိုးသား လွှတ်တော်ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးဇော်မင်းက ပြောသည်။ ရပ်ကျေးဥပဒေကြမ်းသည် ပြည်ထောင်စုလွှတ်တော်တွင် အဆုံးအဖြတ်ခံယူရသည့် ဒုတိယမြောက် ဥပဒေ ကြမ်းဖြစ်လာသည်။ ပြည်ထောင်စုလွှတ်တော်တွင် ပထမဆုံးအကြိမ် အဆုံးအဖြတ်ခံ ယူခဲ့သည်မှာ ငြိမ်းစုစီ ဥပဒေကြမ်း ဖြစ်သည်။


Leave a Reply