ဆပ်ပြာတိုက်သည့် ပလတ်စတစ်ဖတ်များကို မသုံးသင့်သည့် အကြောင်းရင်း

ကောင်းကျိုးထက် ဆိုးကျိုးက ပိုများနေပြီး ဆရာဝန်တွေ လုံးဝမသုံးခိုင်းတဲ့ အရာဖြစ်ပါတယ်။

ရေချိုးကြတဲ့အခါ ဆပ်ပြာတိုက်တဲ့ အဝတ်ဖတ်တွေနဲ့ ပလတ်စတစ်ဖတ်တွေဟာ ကောင်းကျိုးထက် ဆိုးကျိုးပိုများတယ်လို့ အရေပြားဆရာဝန်တွေက ပြောကြားလိုက်ပါတယ်။
ဆပ်ပြာတိုက်တဲ့အခါ ရေချိုးခန်းသုံးပလတ်စတစ်ဖတ်(puff) ကိုအသုံးပြုရင် ပိုမိုလွယ်ကူအဆင်ပြေတယ်လို့ အများစုက သိထားကြပါတယ်။ ဒါပေမယ့် အဲဒီပလတ်စတစ်ဖတ်တွေမှာ မျက်စိနဲ့ မမြင်နိုင်တဲ့ ရောဂါပိုးတွေ၊ ဘက်တီးရီးယားတွေ ရှိနေမှာ သေချာကြောင်း ဆရာဝန်တွေက ထောက်ပြထားပါတယ်။ လေ့လာချက်အရ ၉၈ ရာခိုင်နှုန်းသော အရေပြားဆရာဝန်တွေက ဆပ်ပြာတိုက်တဲ့ ပလစ်စတစ်ဖတ်တွေကို အသုံးမပြုခိုင်းကြပါဘူး။
ဆပ်ပြာတိုက်ဖတ်မှာ ခိုကပ်နေတဲ့ ဘက်တီးရီးယားတွေဟာ တစ်ညတည်းနဲ့  အဆပေါင်းများစွာ ပွားများသွားနိုင်တယ်လို့ ဆိုပါတယ်။ အဲဒီအခါ သင့်ရဲ့အသားရေကို ပျက်စီးစေပြီး အဆိုးဆုံးကတော့ ရောဂါပိုးတွေ ဝင်ရောက်နိုင်တာ ဖြစ်ါပတယ်။ မဖြစ်သာလို့ အသုံးပြုမယ်ဆိုရင် တစ်ခါအသုံးပြုပြီးတိုင်း ဆပ်ပြာနဲ့ ရေစင်အောင် ပြန်ညှစ်ထားသင့်တယ်လို့ အကြံပေးထားကြပါတယ်။

Source : The Sun


Leave a Reply