ဂျိုးဟတ်၏ အနာဂတ်ကို ဂွါဒီယိုလာနှင့် ဆွေးနွေးမည်ဟု ဆမ်အလာဒိုက်စ်ပြောကြား

Sports_9

မန်စီးတီအသင်းတွင် နေရာမရဖြစ်နေသော အင်္ဂလန် နံပါတ် (၁) ဂိုးသမား ဂျိုးဟတ်၏ အနာဂတ်နှင့် ပတ်သက်၍ မန်စီး တီးနည်းပြ ဂွါဒီယိုလာနှင့် ဆွေး နွေးမည်ဟု အင်္ဂလန်နည်းပြ ဆမ်အလာဒိုက်စ်က ပြောကြားသည်။

မန်စီးတီးကို ဂွါဒီယိုလာစ တင်ကိုင်တွယ်သည့်ပွဲများတွင် ဂျိုးဟတ်ကို မသုံးဘဲ ၀ီလီကာ ဘယ်လာရိုကိုသာ အသုံးပြုခဲ့ သည်။ မန်စီးတီးက ဘာစီလိုနာဂိုး သမား ဘရာဗိုကို ခေါ်ယူရန် ကြိုးစားနေစဉ် ဘရာဗိုသည် မန်စီး တီးနှင့် စာချုပ်အပြီးသတ်ရန် လန်ဒန်မြို့သို့ ရောက်ရှိနေပြီဖြစ် ကြောင်း သတင်းများက ဖော်ပြ သည်။

ဂျိုးဟတ်ကို အသင်းမှ ထွက် ခွာလိုပါက ထွက်ခွာနိုင်သည်ဟု ဂွါဒီယိုလာက ပြောကြားထားသဖြင့် ၎င်း၏အနာဂတ်မှာ မသေချာ ဖြစ်နေသည်။

ကစားသမားတစ်ဦးအနေဖြင့် ပထမပွဲထွက်ခွင့်နှင့် လွဲချော်မှုသည် ခေတ္တခဏသာဖြစ်ပါက အခက်အခဲ မရှိသော်လည်း အချိန် အကြာကြီးပါဝင်ကစားခွင့်မရပါက လက်ရွေးစင်အသင်းတွင် ၎င်းတို့ကို ရွေးချယ်ရန် ခက်ခဲသည်ဟု အင်္ဂလန်နည်းပြ ဆမ်အလာဒိုက်စ် က ပြောကြားသည်။

ထို့အပြင် ဆမ်အလာဒိုက်စ် က မန်ယူ၌ ပွဲထွက်ခွင့်ပျောက်ဆုံးနေသော လူငယ်တိုက်စစ်မှူး ရက်ခ်ျဖို့ဒ်ကိုလည်း ယခုကဲ့သို့ ပွဲထွက်ခွင့်မရပါက အင်္ဂလန်အတွက် ရွေးချယ်ခံရရန် မသေချာဟု သတိပေးပြောကြားသည်။

သို့သော်လွန်ခဲ့သော လေးနှစ်က နိုင်ငံတကာဘောလုံးလောကမှ အနားယူထားပြီးဖြစ်သော  ချယ်လ်ဆီးနောက်ခံလူ ဂျွန်တယ်ရီကို လက်ရွေးစင်အသင်းအတွက် ပြန်ခေါ်ရန် လမ်းဖွင့်ထားသည်ဟု ဆမ်အလာဒိုက်စ်က ဆိုသည်။

ရက်ခ်ျဖို့ဒ်သည် ပြီးခဲ့သည့် ရာသီဒုတိယပိုင်းတွင် မန်ယူအတွက် ခြေစမ်းပြကစားနိုင်ခဲ့သော်လည်း ဆွီဒင်ဝါရင့် တိုက်စစ်မှူး အီဗရာဟီမိုဗစ်ရောက်လာပြီး နောက်ပိုင်း မန်ယူ၌ ပွဲထွက်ခွင့် မရဖြစ်နေ၍ ဆမ်အလာဒိုက်စ်က အထက်ပါကဲ့သို့ သတိပေးလိုက်ခြင်းဖြစ်သည်။

-Ref; Goal.com


Leave a Reply