၂၁ ရာစုပင်လုံညီလာခံသို့ ဘန်ကီမွန်း တက်ရောက်အမှာစကားပြောမည်

၂၁ ရာစုပင်လုံညီလာခံသို့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း တက်ရောက်၍ အမှာစကားပြောကြားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Ban

‘‘ကျွန်တော်တို့က မြန်မာနိုင်ငံမှာရှိတဲ့ ယူအင်န်အဖွဲ့အစည်းတွေ အကုန်လုံးဖိတ်တယ်၊ သံတမန်တွေ ဖိတ်တယ်၊ ဖိတ်တဲ့အခါ မှာ ယူအင်န်ဘက်က ဘန်ကီမွန်းက တက်ဖို့ စိတ်ဝင်စားတယ်။ တက်ချင်တယ်ပြောတယ်ဆိုတော့ ကျွန်တော်တို့က ဖိတ်ပေးတယ်။ ဖိတ်မှလည်း တက်လို့ရတာကိုး။ ဖိတ်လိုက်တော့ အစကနောက်ရက်လုပ်တာ။ သူကမဟုတ်ဘူး။ ဖွင့်ပွဲကို တက်ချင်တယ်ပြောတယ်။ ၃၁ ရက်နေ့ကိုပေါ့။ တက်ချင်တယ်ပြောတော့ ဖိတ်ထားတာ’’ ဟု သမ္မတရုံးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး က ပြောသည်။

၂၁ ရာစုပင်လုံညီလာခံကို သြဂုတ် ၃၁ ရက်ကစ၍ နေပြည်တော်တွင် ငါးရက်ကြာ ပြုလုပ်မည်ဖြစ်သည်။ ၂၁ ရာစု ပင်လုံညီလာခံသို့ ရန်ကုန်မြို့အခြေစိုက် နိုင်ငံတကာသံရုံးများ၊ ကုလအဖွဲ့အစည်းများ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အထောက်အကူပြု အင်န်ဂျီအိုအဖွဲ့အစည်းများအပြင် အရပ်ဘက် လူမှုအဖွဲ့အစည်းများကိုလည်း လေ့လာသူအဖြစ် ဖိတ်ကြားမည်ဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး အဓိပတိကောင်စီဝင် ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းက သြဂုတ် ၂၂ ရက်တွင် ပြုလုပ်ခဲ့သည့် ပူးတွဲကော်မတီ အစည်းအဝေးအပြီး၌ ပြောသည်။

‘‘ဖွင့်ပွဲနေ့မှာ လူ ၁၅၀၀ လောက်တက်ကြမယ်’’ဟု ၎င်းက ဆိုသည်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်သည် မြန်မာနိုင်ငံသို့ ၂၀၁၄ နိုဝင်ဘာက နောက်ဆုံးလာရောက်ခဲ့သည်။

#7 Day Daily


Leave a Reply