ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီညီလာခံ တက်ရောက်မည့် ကိုယ်စားလှယ်များနှင့်တွေ့ဆုံခြင်း

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ပါတီညီလာခံကို မကြာမီကျင်းပတော့မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ပါတီသည် ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အဆင့်အထိ မျက်နှာစုံညီအစည်းအဝေးများကျင်းပပြီး တိကျသောမူဝါဒ၊ ပွင့်လင်းမြင်သာသော ရွေးချယ် တင်မြှောက်မှုများနှင့်ပါတီအဆင့်ဆင့်ကိုရွေးချယ်ခဲ့ပါသည်။
၎င်းပါတီကော်မတီဝင်များက ညီလာခံသို့ တက်ရောက်ကြမည့်ကိုယ်စားကော်မတီများကိုလည်း သတ်မှတ်စည်းမျဉ်းစည်းကမ်းများအရ ရွေးချယ်ခဲ့ပြီး ဖြစ်ပါသည်။ ထိုရွေးချယ်ခံကိုယ်စားလှယ်များအား တွေ့ဆုံမေးမြန်းခဲ့မှုများကို တင်ပြအပ်ပါသည်။

ဒေါ်ခင်မြတ်စု ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌသုံးခွမြို့နယ်
• အခုလက်ရှိ မြို့နယ်ဥက္ကဋ္ဌ တာဝန်ဆိုတော့ အရင်ပါတီမှာ ဘယ်အပိုင်းကဏ္ဍကနေ တာဝန်ယူ ဆောင်ရွက်ခဲ့တယ်ဆိုတာသိချင် ပါတယ်။
ကျွန်မအနေနဲ့ ၁၉၉၅ခုနှစ်မှာ အသင်းကြီးကို စတင်ဝင်ရောက် တာဖြစ်ပါတယ်။ အဲဒီကနေမှ ရပ်ကွက်အသင်းရဲ့ အလုပ်အမှု ဆောင်ဖြစ်ခဲ့ပါတယ်။ ၁၉၉၉ ခုနှစ် မှာတော့ မြို့နယ်ကော်မတီဝင် အဖြစ် တာဝန်ပေးအပ်ခြင်းခံရပါ တယ်။ ၂ဝ၁၂ ခုနှစ် ရွေးချယ်ပွဲမှာ တော့ မြို့နယ်အတွင်းရေးမှူးအနေနဲ့ ရွေးချယ်ခံရပါတယ်။၂ဝ၁၆ ခုနှစ် သြဂုတ် ၇ ရက်မှာ ကျင်းပတဲ့ ဒုတိယအကြိမ်မျက်နှာစုံညီအစည်း အဝေးမှာဥက္ကဋ္ဌအဖြစ် ရွေးချယ် တင်မြှောက်ခြင်းခံရတာဖြစ်ပါတယ်။
• မြို့နယ်အခြေအနေနဲ့ ရပ် ကျေးမျက်နှာစုံညီ ရွေးချယ်ပုံလေး တွေရှင်းပြပေးပါ။

ရပ်ကွက် ၁၂ခုနဲ့ကျေးရွာ ၆၄ ရွာ စုစုပေါင်း ၇၆ ခုဖြစ်ပါတယ်။ မြို့နယ်အဖွဲ့ သုံးဖွဲ့ဖွဲ့ပြီး ကျေးရွာ တွေအရောက် ကွင်းဆင်းပြီးတော့ ဆောင်ရွက်ပါတယ်။ဆောင်ရွက် တဲ့နေရာမှာ ကျေးရွာမှာရှိတဲ့ ပါတီ ဝင်ထု တစ်ရပ်လုံးကို ဖိတ်ကြား ပါတယ်။ လက်ရှိရှိနေတဲ့ ကော် မတီဝင်တွေရော နောက်ထပ်တက် လာတဲ့ ပါတီဝင်တွေကနေ အမာခံ များနဲ့ပူးပေါင်းပြီး ပါတီဝင်ထုရဲ့ ဆန္ဒများနဲ့ ရွေးချယ်ခဲ့တာဖြစ် ပါတယ်။ ကျေးရွာတစ်ခုကို (ပ)ခေါင်းဆောင်၊ (ဒု)ခေါင်း ဆောင်နဲ့ကော်မတီဝင်သုံးဦးနဲ့ဖွဲ့စည်း တာဖြစ်ပါတယ်။လက်ရှိ ကျွန်မတို့ EC အဖွဲ့ ငါးယောက်ရှိပါတယ်။ရပ်ကွက်ကျေးရွာတွေမှာ။အဲဒီအပြင် ပါတီဝင်ထုထဲကနေမှ ကျေးရွာရဲ့ အကျိုးကို ပိုပြီးဆောင်ရွက်နိုင်သူ တွေကို ရံပြီးရွေးချယ်ခဲ့တာဖြစ်ပါ တယ်။ မြို့နယ်အဆင့် မျက်နှာ စုံညီအစည်းအဝေးကို သြဂုတ်လ မှာ ဆောင်ရွက်ခဲ့ပါတယ်။ ဆောင် ရွက်တဲ့နေရာမှာ ရပ်ကွက်ကျေးရွာ တွေကနေ တစ်ရပ်ကွက် ကျေးရွာ တစ်ခုကို နှစ်ဦးနှုန်းနဲ့ ၁၅၂ ဦးက မဲပေးပြီး မြို့နယ်ကော်မတီအဖွဲ့ကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ အဲဒီမှာ မှ ခရိုင်ကိုတက်ဖို့အတွက် ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ဘဏ္ဍာရေးမှူးနဲ့ မဲအများဆုံးရရှိတဲ့ ကော်မတီဝင် နှစ်ဦးစီခရိုင်မျက်နှာစုံညီ အစည်း အဝေးကို တက်ရောက်ရွေးချယ် တာဖြစ်ပါတယ်။

ကျွန်မတို့ပါတီမှ ပါတီအဆင့် ဆင့် ပြန်ပြင်ဆင်ရွေးချယ်ဖွဲ့စည်း ရေးလုပ်ထုံးလုပ်နည်းများ တိကျ စွာရှိတော့ အဲဒီအတိုင်းဆောင် ရွက်တာပါ။
• မြို့နယ်ဥက္ကဋ္ဌတစ်ဦး အနေနဲ့ ပါတီညီလာခံကို တက်ရောက်ရ တော့မယ်ဆိုတော့ ဘာတွေပြင်ဆင် ထားသလဲသိလိုပါတယ်။
ပါတီညီလာခံကချမှတ်တဲ့ လုပ်ငန်းစဉ်တွေကို ပိုမိုအောင်မြင် အောင် ကြိုးစားဆောင်ရွက်သွားဖို့ အချက်အလက်များ အားလုံးပြင် ဆင်ထားပြီးဖြစ်ပါတယ်။ လူကြီး များရဲ့ လမ်းညွှန်ချက်ကို လိုက်နာ ပြီး မြို့နယ်အဖွဲ့အနေနဲ့ စုစုစည်း စည်း ပြည်သူတွေက လက်ခံတဲ့ ပါတီဖြစ်အောင် ကျွန်မတို့ဆောင် ရွက်သွားဖို့ စီစဉ်ထားပါတယ်။

• ပြည်သူ့ပါတီ ဖြစ်အောင် ဆောင်ရွက်နေတဲ့အခါမှာ ပြည်သူ ကို ဘာများအသိပေးပြောကြား လိုပါသလဲခင်ဗျ။
ကျွန်မတို့အနေနဲ့သူများ တွေပြောနေသလို လူကြီးအချင်း ချင်းရွေးချယ်လိုက်တဲ့ သူတွေ မဟုတ်ကြဘဲနဲ့ရက်ကွက်၊ ကျေးရွာ ကနေ တင်မြှောက်လာခဲ့ကြတဲ့ မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ တိုင်း ဒေသကြီးအဆင့်ထိပြီးသွားပါပြီ။ အခုကဗဟိုမှာ ဆောင်ရွက်မှာ ဖြစ်တဲ့အတွက်ကြောင့် ပြည်သူ တွေကလက်ခံပြီး အောက်ခြေက နေ တင်မြှောက်လိုက်ကြတဲ့ ကိုယ် စားလှယ်တွေနဲ့ ဗဟိုအလုပ်အမှု ဆောင်ဖွဲ့စည်းပြီး ဆောင်ရွက်နိုင် ဖို့ မျှော်လင့်ပါတယ်။

Union daily


Leave a Reply