လက်ရွေးစင်အသင်းမှ အနားယူသည့် ဆုံးဖြတ်ချက်ကို မက်ဆီ ပြန်ပြင်

nintchdbpict000247952540

ကိုပါအမေရိကဗိုလ်လုပွဲမှာ ရှုံးပွဲတွေ့ပြီးနောက် လက်ရွေးစင်ဘဝက အနားယူပြီလို့ ပြောခဲ့တဲ့ ဆုံးဖြတ်ချက်ကို မက်ဆီ ပြန်ပြင်လိုက်ပြီဖြစ်ပါတယ်။

အာဂျင်တီးနားလက်ရွေးစင်ဘဝကို စွန့်ခွာလိုက်ပြီလို့ ပြောထားတဲ့ မက်ဆီက ဆုံးဖြတ်ချက်ကို ပြန်လည် ပြင်ဆင် တော့မယ်လို့ သိရပါတယ်။

တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ မက်ဆီက သူ့ရဲ့ဆုံးဖြတ်ချက်ကို ပြန်ပြင်ပြီး နိုင်ငံအသင်းအတွက် ပြန်ကစား ပေးတော့မယ်လို့ အဓိပ္ပါယ်ရတဲ့ စကားမျိုးတွေ ပြောခဲ့တာ ဖြစ်ပါတယ်။ အာဂျင်တီးနား နိုင်ငံကို ချစ်သလို အာဂျင်တီးနား ဂျာစီကိုလည်း ချစ်တယ်လို့ မက်ဆီက ပြောပါတယ်။

အာဂျင်တီးနား ဘောလုံးလောကမှာ ပြဿာတွေ အမြောက်အများရှိနေပြီးသား ဖြစ်တဲ့အတွက် မိမိကြောင့် နောက်ထပ် ပြဿနာတစ်ခု ဖြစ်မလာစေချင်ဘူးလို့လည်း မက်ဆီက ပြောပါတယ်။ ကိုပါအမေရိက ဗိုလ်လုပွဲမှာ ရှုံးပွဲ တွေ့ပြီးတဲ့နောက် လက်ရွေးကစားသမားအဖြစ်က အနားယူခြင်းသာ အကောင်းအဆုံးအဖြေလို့ တွေးခဲ့ပေမယ့်လည်း နိုင်ငံနဲ့ အသင်းကိုချစ်တာကြောင့် ဆုံးဖြတ်ချက် ပြန်ပြင်ရမယ်လို့ မက်ဆီက ဆိုခဲ့တာပါ။

မိမိအနားယူခြင်းအပေါ် အားပေးပြီး ပြန်လည်ကစားဖို့ တိုက်တွန်းခဲ့သူတွေနဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်ကြောင်း မက်ဆီက ပြောပါတယ်။

Source : The Sun


Leave a Reply