ဗင်နီဇွဲလားတွင် ငွေဖောင်းပွမှုမြင့်မားနေစဉ် အနိမ့်ဆုံးလစာကို ၅၀ ရာခိုင်နှုန်း တိုးမြှင့်ပေး
စီးပွားရေးအကျပ် အတည်း ရင်ဆိုင်နေရသည့် ဗင်နီဇွဲလားနိုင်ငံတွင် ငွေသုံးနိုင်စွမ်း များစွာအားနည်းနေပြီး ငွေဖောင်း ပွမှုနှုန်း အလွန်မြင့်မားနေစဉ် သမ္မတမာဒူရိုက အနိမ့်ဆုံးလုပ်ခ လစာကို ၅၀ ရာခိုင်နှုန်း တိုး၍ သတ်မှတ်ကြောင်း ကြေညာသည်။
စက်တင်ဘာ ၁ ရက်တွင် အသက်ဝင်မည့် လစာတိုးပေးမှုအရ လစဉ်အနိမ့်ဆုံးလစာသည် ၃၅ ဒေါ်လာရမည်ဖြစ်ကာ စားသောက်စရိတ် တိုးမြှင့်ပေးမှုများ လည်း ပါဝင်မည်ဖြစ်သည်။
ယခုတစ်ကြိမ် လစာတိုးပေးခြင်းမှာ ယခုနှစ်အတွင်း တတိယအကြိမ် အနိမ့်ဆုံးလစာကို တိုးပေးခြင်းဖြစ်သည်ဟု မာဒူရိုက ရုပ်သံလိုင်းမှတစ်ဆင့် ပြောသည်။
၂၀၁၅ အတွင်း ၁၈၁ ရာခိုင် နှုန်းသို့ ရောက်ရှိခဲ့သော ငွေဖောင်းပွမှုကို ဖြေရှင်းရန် လစာတိုးပေးခြင်းမှာ မလုံလောက် ဟု ဝေဖန် သူများက ပြောသည်။
ဗဟိုဘဏ်က ငွေဖောင်းပွမှုနှုန်းကို အချိန်နှင့်တစ်ပြေးညီ ဖော်ပြခြင်းမရှိတော့ဘဲ ယင်းမှာ စိတ်ပျက်စရာ စီးပွားရေး အချက်အလက်များကို ဖုံးကွယ်ထားခြင်း ဖြစ်သည်ဟု အတိုက်အခံခေါင်းဆောင်များက ပြောသည်။
ဗင်နီဇွဲလားအစိုးရဦးဆောင်သော စီးပွားရေးစနစ်သည် ၂၀၀၄အတွင်း ရေနံဈေးကျဆင်းပြီး နောက်ပိုင်းပြိုလဲ သွားခဲ့သည်။
အစိုးရမပြောင်းဘဲ ယင်းအခြေအနေ ပြောင်းလဲလာမည် မဟုတ်ဟု အတိုက်အခံခေါင်းဆောင်များက ပြောသည်။
မာဒူရိုကမူ ၎င်းသည် ၎င်း၏ နိုင်ငံရေးပြိုင်ဘက်များ ဦးဆောင်သော စီးပွားရေးစစ်ပွဲ၏ ဓားစာခံ ဖြစ်နေသည်ဟု အခိုင်အမာ ပြောကြားသည်။
—Ref: Reuters