သမ္မတ ဖြစ်လာပါက အမေရိကန်ကို ပိုမိုဘေးကင်းလုံခြုံသည့် နိုင်ငံတစ်ခုဖြစ်စေမည်ဟု ထရမ့်ကြွေးကြော်

ကြွေးကြော်ခဲ့သည်။ လာမည့်ရွေးကောက်ပွဲအတွက် ရီပတ်ဘလစ်ကန်ကိုယ်စားပြု သမ္မတလောင်းနေရာကို တရားဝင် လက်ခံရယူပြီးချိန်၌ ပြောကြားသောမိန့်ခွန်းတွင် ထရမ့်က ထိုကဲ့သို့ကတိပြုခဲ့ခြင်းဖြစ်သည်။

Trump

၎င်းသည် ရွေးကောက်ပွဲ ကာလတလျှောက် အငြင်းပွားဖွယ်မှတ်ချက်များ ပေးခဲ့ပြီးနောက် ထောက်ခံသူများသလို မုန်းတီး သူလည်း များခဲ့သည်။ ရီပတ်ဘလစ်ကန် ပြိုင်ဘက်များအကြားတွင်ပင် ထရမ့်ကို ရွေးကောက်ပွဲ၌ ထောက်ခံ မဲပေးမည် မဟုတ်ဟု ထုတ်ဖော် ပြောဆိုထားသူများ ရှိနေသည်။

“ကျွန်တော်တို့နိုင်ငံကို ထိခိုက်နစ်နာစေတဲ့ ရာဇဝတ်မှုတွေ၊ အကြမ်းပတမ်းကိစ္စတွေအကုန်လုံး မကြာခင် အဆုံး သတ်စေရမယ်” ဟု ကလိဗ်လန်းတွင် ထရမ့်က ပြောကြားခဲ့သည်။ မီဒီယာလုပ်ငန်းရှင် ဘီလီယံနာ သူဌေးကြီးက ၎င်းသာ သမ္မတဖြစ်လာပါက အမေရိကန်ကို ခေတ်သစ်တစ်ခုသို့ ဆောင်ယူသွားမည်ဖြစ်ပြီး သာမန် လူတန်းစား ကောင်းစားရေးကို ဦးထိပ်ထားမည်ဟုလည်း ဆိုသည်။

ထရမ့်ကို ရီပတ်ဘလစ်ကန်ပါတီ၏ သမ္မတလောင်းအဖြစ် ရွေးချယ်လိုက်ပြီးနောက် ၎င်းကို ထောက်ခံမည် မဟုတ်ဟု ပွင့်ပွင့်လင်းလင်း ပြောဆိုထားသည့် ပြိုင်ဘက်ဟောင်း ရီပတ်ဘလစ်ကန်အမတ် တက်ဒ်ခရုဇ်ကို စင်အောက်ရှိ ထရမ့်ထောက်ခံသူများက လှောင်ပြောင်ခဲ့ကြသည်။

ထရမ့်က “ကျွန်တော်တို့ဟာ ဒီနိုင်ငံကို လုံခြုံတဲ့၊ သာယာဝပြောတဲ့၊ ငြိမ်းချမ်းတဲ့ အခြေအနေတွေဆီ ဦးဆောင် သွားရမှာ ဖြစ်တယ်။ နွေးထွေးပြီး ရက်ရောတဲ့ နိုင်ငံတစ်ခုအဖြစ် ကျွန်တော်တို့ ရပ်တည်မယ်။ ဒါပေမဲ့ တစ်ချိန် တည်းမှာပဲ တရားဥပဒေ စိုးမိုးရေးကို ကြပ်မတ် လုပ်ဆောင်မယ်” ဟုလည်းဆိုသည်။ ထို့အပြင် နယ်ပယ် အသီးသီးမှ အမေ့လျော့ခံ အမေရိကန်များအတွက် မိမိသည် ၎င်းတို့ကိုကိုယ်စားပြုသည့် အသံ ဖြစ်စေမည်ဟု လည်း ထရမ့်က ကတိပြုခဲ့သည်။

ထရမ့်သည် ရွေးကောက်ပွဲကြို မဲဆွယ်မှုကာလနှင့် ပါတီတွင်း ပြိုင်ဆိုင်မှု ကာလများအတွင်း မွတ်ဆလင်များကို အမေရိကန်သို့ ဝင်ရောက်ခွင့် ပိတ်ပင်သင့်ကြောင်း၊ တရားမဝင် ခိုးဝင်မှုများကို တားဆီးရန် မက္ကဆီကိုနှင့် နယ်ခြားတလျှောက် တံတိုင်းကာပြီး စရိတ်စကကို မက္ကဆီကို အစိုးရက ကျခံသင့်ကြောင်း အစရှိသည့် အငြင်းပွားဖွယ် မှတ်ချက်စကားများစွာ ပြောဆိုခဲ့သူ ဖြစ်သည်။

Ref: Reuters


Leave a Reply