ပင်နယ်တီဖြင့် ပေါ်တူဂီအသင်း ဆီမီးဖိုင်နယ် တက်ရောက်

ယူရို-၂၀၁၆ ပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်ပွဲစဉ်တွင် ပေါ်တူဂီက ပင်နယ်တီအဆုံးအဖြတ်မှာ ပိုလန်ကို နိုင်ပြီး ပေါ်တူဂီအသင်းဟာ ယူရိုပြိုင်ပွဲ (၅) ကြိမ်မှာ ဆီမီးဖိုင်နယ်ကို (၄) ကြိမ်မြောက် ရောက်ရှိခဲ့ပါတယ်။ ပိုလန်အသင်း အတွက် အဖွင့်ဂိုးကို ဂရော့ဆစ်ကီရဲ့ ပေးပို့မှုကနေ လီဝန်ဒေါစကီးက ပွဲချိန် (၂) မိနစ်မှာ သွင်းယူခဲ့ပါတယ်။ ဒါပေမယ့် ပွဲချိန် (၃၃) မိနစ်မှာ ပေါ်တူဂီရဲ့ ဆယ်ကျော်သက် ကစားသမား ရီနာတိုဆန်းချက်စ်က နာနီ ဖန်တီးပေးတာကို ဂိုးဧရိယာထိပ်ကနေ သွင်းယူပြီး ချေပခဲ့ပါတယ်။
ယူရို ၂၀၁၆ ပြိုင်ပွဲမှာ ပေါ်တူဂီအသင်းဟာ ပုံမှန်ပွဲချိန်တွေမှာ ထူးထူးခြားခြား (၄) ပွဲဆက် နိုင်ပွဲမရရှိသေးတာကို တွေ့ရပါတယ် အုပ်စု ပွဲစဉ် (၃) ပွဲစလုံး သရေကစားပြီး အဆင့် (၃) နေရာနဲ့ (၁၆) သင်း အဆင့် ရှုံးထွက်ကို တက်လာခဲ့ပါတယ်။ ရှုံးထွက်အဆင့်မှာလည်း ခရိုအေးရှားကို အချိန်ပိုမှသာ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ဒါကတော့ ယူရိုပြိုင်ပွဲတစ်ခုမှာ ဘယ်အသင်းမှ မိနစ် (၉၀) အတွင်း နိုင်ပွဲမရရှိသေးတဲ့ အရေအတွက်လဲဖြစ်ပါတယ်။
ပုံမှန် မိနစ် (၉၀) အတွင်း နှစ်သင်းလုံး ဂိုးထပ် မသွင်းနိုင်တာကြောင့် အချိန်ပို ဆက်ကစားခဲ့ပါတယ်။ အချိန်ပိုမှာတော့ ကွာရက်စ်မာ၊ မော်တင်ဟိုတို့ ထည့်ကစားလာတဲ့ ပေါ်တူဂီဟာ ကစားပုံ ပိုကောင်းလာခဲ့သလို ပိုလန်အသင်းကလည်း ဂိုးရဖို့ ပိုပြီး နီးစပ်ခဲ့ပါတယ်။ ဒါပေမယ့် အချိန်ပိုမှာလည်း ဘယ်အသင်းမှ ဂိုးမသွင်းနိုင်တာကြောင့် ပင်နယ်တီ အဆုံးအဖြတ်ထိ ရောက်ရှိခဲ့ပါတယ်။
ပင်နယ်တီ ကန်သွင်းကြရာမှာ ပေါ်တူဂီအသင်းမှ ရော်လ်နယ်ဒို၊ ရီနာတိုဆန်းချက်စ်နှင့် မော်တင်ဟိုတို့ အကောင်းဆုံး ကန်သွင်းနိုင်ခဲ့သလို ပိုလန်အတွက် လီဝန်ဒေါစကီး၊ Arkadiusz Milik နှင့် Kamil Glik တို့လည်း ဂိုးဝင်ခဲ့ပါတယ်။ နာနီက ပင်နယ်တီသွင်းယူပြီး ဂိုးဝင်ခဲ့ပေမယ့် ပိုလန်ကစားသမား ဘလက်ဇီကောစကီးရဲ့ ကန်ချက်ကို ပေါ်တူဂီ ဂိုးသမား ပတ်ထရီစီယို ကာကွယ်နိုင်ခဲ့လို့ ပေါ်တူဂီက (၄-၃) ဂိုးနဲ့ ဦးဆောင်ခဲ့ပါတယ်။
ပေါ်တူဂီအတွက် နောက်ဆုံး အဆုံးအဖြတ် အလုံးကို ကွာရက်စ်မာ ကန်သွင်းရာမှာ ပိုလန်ဂိုးသမား လက်အဖျားနဲ့ ထိပေမယ့် မတားဆီးနိုင်ပဲ ဂိုးဝင်သွားတာကြောင့် ပေါ်တူဂီတို့ (၅-၃) နဲ့နိုင်ပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ ပါတယ်။ ပေါ်တူဂီဟာ ဆီမီးဖိုင်နယ်မှာ ဝေးလ်စ် သို့မဟုတ် ဘယ်လ်ဂျီယံအသင်းနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။
ပွဲရလဒ် ပိုလန် ၁ – ၁ ပေါ်တူဂီ ၊ ပယ်နယ်တီ ပိုလန် ၃ – ၅ ပေါ်တူဂီ
Source : Goal




