ပွင့်ဖြုမြို့နယ်ပြည်ခိုင်ဖြိုး မျက်နှာစုံညီစည်းဝေး ကျင်းပ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီ အစည်းအဝေးကို ဇွန်လ (၂၂) ရက် နံနက်ပိုင်းက မြို့နယ်ပါတီရုံး၌ ကျင်းပပြုလုပ်ရာ သဘာပတိအဖြစ် ဦးကျော်သူဦး၊ ဦးအောင်နိုင် နှင့် ဦးအေးသူ တို့မှဆောင်ရွက်ခဲ့ကြသည်။
အခမ်းအနားသို့ မင်းဘူးခရိုင်နှင့် ပွင့်ဖြူမြို့နယ်ပါတီကော်မတီဝင်များ တက်ရောက်ခဲ့ကြပြီး မြို့နယ် ပါတီကော်မတီ ပြန်လည် ပြင်ဆင်ရွေးချယ် ဖွဲ့စည်းရာတွင် မြို့နယ်ပါတီ ဥက္ကဋ္ဌအဖြစ် ဦးရန်နိုင်စိုး၊ အတွင်းရေးမှူးအဖြစ် ဦးအောင်သူချို၊ ဘဏ္ဏာရေးမှူး အဖြစ် ဦးကျော်ဆန်း တို့ အား အသီးသီး ရွေးချယ် တာဝန်ပေးအပ်ခဲ့ပြီး မြို့နယ်ပါတီကော်မတီဝင်များကိုလည်း ပြန်လည်ရွေးချယ် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
U Wann




