ဧရာဝတီတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ နှစ်ကျိပ်ရှစ်ဆူ ဘုရားများအတွက် ငွေလှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး (ပါတီ ဗဟိုကော်မတီဝင်) ဦးအောင်တင်မြင့် သည် တိုင်းဒေသကြီး ပါတီကော် မတီဝင်များ၊ ပုသိမ်နှင့် ကန်ကြီးထောင့်မြို့နယ် ပါတီကော်မတီဝင်များနှင့်အတူ ယမန်နေ့ မွန်းလွဲ (၃) နာရီက ကန်ကြီးထောင့်မြို့နယ် ဆပ်ကွင်းရွာရှိ ဣစ္ဆာသယ ဆပ်ကွင်းကျောင်းတိုက်သို့ သွားရောက်ခဲ့ကြသည်။

ထို့နောက်တိုင်းဒေသကြီးပါတီအတွင်းရေးမှူး (ဗဟိုကော်မတီဝင်) ဦးအောင်တင်မြင့်သည် လဟာ ကလူကျေးရွာ ဓမ္မသုခကာရီ ကျောင်းတိုက်ဦးစီးပဓာန နိုင်ငံတော် သြဝါဒါစရိယအဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဣန္ဒြိယနှင့် ဆပ်ကွင်းကျောင်းဆရာတော်ကြီး ဘဒ္ဒန္တဥတ္တမတို့ကို ဖူးမြော်ကာ နိုင်ငံတော် သြဝါဒါ စရိယသက်တော်ရှည် ဓမ္မ သုခကာရီ ကျောင်းဆရာတော်ကြီး၏ သက်တော်ရာပြည့်အကြို အလှူတော် အဖြစ် ဣစ္ဆာသယဆပ်ကွင်း ကျောင်းတိုက်အတွင်းတည်ထား ကိုးကွယ်လျက်ရှိသော နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓရုပ်ပွားတော်များတွင် ဗုဒ္ဓဆင်းတုတော်တစ်ဆူအတွက် အလှူတော်ငွေကျပ်သုံးသိန်းကို ဆပ်ကွင်း ဆရာတော်ကြီးထံ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီရုံးမှ ဒေါ်ပန်းအိခိုင်ထံမှ သိရသည်။

အောင်ဆန်းဝင်း(ကြံခင်း)


Leave a Reply