ဇီးကုန်းပြည်ခိုင်ဖြိုး အမာခံပါတီကေဒါများ ကွင်းဆင်းဖွဲ့စည်း

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ်၌ ဧပြီ ၂၇ ရက်တွင် ပြည်ခိုင်ဖြိုးပါတီ၏ အမာခံကေဒါများအား ရပ်/ကျေး အုပ်စုများတွင် ကွင်းဆင်းဆောင်ရွက်ဖွဲ့စည်းကြရာ ယနေ့နံနက် အထိ ကျေးရွာအုပ်စု ၂၉ အုပ်စု၊ မြို့ပေါ်ရပ်ကွက် ငါးရပ်ကွက် ပေါင်း ၃၄ အုပ်စု ပြီးစီးသွား ကြောင်း သိရသည်။
အဆိုပါပြီးစီးဆောင်ရွက်မှုတွင် တိုင်းပါတီကော်မတီဝင်နယ်မြေ တာဝန်ခံ ဦးသန်းဇော်ထွန်းက ဦး ဆောင်ပြီး ခရိုင်ကော်မတီဝင်ဦးအေးနိုင်ရွှေ၊ မြို့နယ်ပါတီအတွင်းရေးမှူး ဦးကျော်မင်းထွန်းတို့က အဖွဲ့ နှစ်ဖွဲ့ခွဲ၍ ဆောင်ရွက်ခဲ့ကြရာ မြို့နယ်ပါတီကော်မတီဝင်များဖြစ်သော ဦးခင်ဝင်း၊ ဒေါ်နှင်းအိအိ ဝင်း၊ ဦးမြင့်ဦး၊ ဦးမျိုးဇော်ထွန်း၊ ဦးသန်းကျော်၊ဦးဝင်းထက်၊ ဦးဝင်းကြည်တို့က ကွင်းဆင်းဆောင်ရွက်ခဲ့ ကြရာ ပါတီအမာခံကေဒါများ ဖွဲ့စည်းပြီးကြောင်းသိရသည်။

မျိုးဇော်ထွန်း(ဇီးကုန်း)


Leave a Reply