တွဲဖက်အထွေထွေအတွင်းရေးမှူး ကရင်ပြည်နယ်/ခရိုင်/မြို့နယ်ပါတီ ဥက္ကဋ္ဌများ၊ ကော်မတီဝင်များနှင့် တွေ့ဆုံ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ဗဟို) တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း သည် မေလ (၃) ရက် နံနက် (၉) နာရီအချိန်က ကရင်ပြည်နယ်၊ ဘားအံမြို့သို့ ရောက်ရှိလာပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြည်နယ်ပါတီရုံး ဒေါနခန်းမ၌ ပြည်နယ်/ခရိုင်/မြို့နယ် ပါတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ ပါတီကော်မတီဝင်များနှင့် တွေ့ဆုံကာ ပါတီအဆင့်ဆင့် မျက်နှာစုံညီအစည်းအဝေးနှင့် ဗဟိုအဆင့် ပါတီညီလာခံတို့တွင် ပါတီ၏မူဝါဒနှင့် ရှေ့ဆက်ဆောင် ရွက်ရမည့် စည်းရုံးရေးဆိုင်ရာကိစ္စရပ်များကို အသေးစိတ် ဆွေးနွေး မှာကြားခဲ့ကြောင်း သိရသည်။