မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတွင်းရေးမှူး ဦးသိန်းထွန်းဦးနှင့် ပါတီကော်မတီဝင်များဖြစ်ကြသော ဒေါ်စောမြိုင်၊ ဒေါ်ဇာလီထွန်း၊ ဦးဇော်အောင်ထက် တို့သည် လေဘေးဒဏ်သင့်မှုကြောင့် အိမ်များပျက်စီးဆုံးရှုံးသွားခဲ့သော မကျည်းကိုင်းကျေးရွာမှ ပြည်သူများထံသို့ မေလ (၂) ရက် နံနက် (၁၁) နာရီအချိန်က အိမ်တိုင်ယာရောက် သွားရောက်၍ တိုင်းဒေသကြီးပါတီမှ ပေးအပ်သော ထောက်ပံ့ငွေများအား ပေးအပ်ခဲ့ကြသည်။